Tuesday, August 24, 2010

Butter Cookies


မုန့်မလုပ်ဖြစ်တာ ၂ပတ်လောက်ရှိသွားပါပြီ။ အကြောင်းကတော့ အချက်အပြုတ်နဲ့ ဗမာမုန့်တွေဖက်ကို နဲနဲလှည့်နေတာကြောင့်ပါ။ ဒါဆိုရင်လည်း blog မှာဗမာမုန့်တွေတင်ပေါ့လို့ပြောစရာရှိပါတယ်။ တင်ချင်ပါတယ် ဒါပေမယ့် တင်ရလောက်အောင် အရသာက မကောင်းလို့ပါ။ ဟိုတလော ငှက်ပျောသီးကောက်ညှင်းထုပ်လုပ်ဖြစ်တယ်၊ ငှက်ပျောသီးပေါင်းရောပဲ။


ငှက်ပျောသီးပေါင်းက မဆိုးပါဘူး။ ဒါပေမယ့် ဓာတ်ပုံသေချာမရိုက်လိုက်ရလို့ တင်စရာမရှိ။ ကောက်ညှင်းထုပ်ကတော့ သေချာတင်းတင်း မထုတ်ပဲ ရေနဲ့ ၃ ၊ ၄ ကြိမ်ပြုတ်လိုက်တာ ငှက်ပျောဖက်လည်းဖြည်ရော ဘာအရသာမှကို မရှိတော့တာ။ တကယ်ပါ၊ စားကြည့်လိုက်တော့ အင်မတန်မှကို စိတ်ပျက်သွားတာပါပဲ။ ကောက်ညှင်းထုပ်ကို ၀မ်သာအားရစောင့်နေတဲ့ အမျိုးသားလည်း ပထမဆုံးတစ်ဖဲ့ ဖဲ့ပြီးရော တော်ပြီဆိုပြီးဖြစ်သွားတော့တာ။ ပြီးတော့ အထဲကငှက်ပျောသီးက နီလည်းမနီသွားဘူး။ တကယ့်ကို အဆင်းရောအချင်းပါမရှိတဲ့ ငှက်ပျောကောက်ညှင်းထုပ်ပါ။

အဲ ဒါပေမယ့် အဲဒီမချိုတာကို ကြိုက်တယ်ဆိုပြီး အားပါးတရစားတဲ့ သူက ယောင်းမပါ။ သူကတော့ကြိုက်တယ်ဆိုပဲ။ တော်ပါသေးရဲ့လို့ပဲဆိုရမှာ။ စိတ်ပျက်လက်ပျက်နဲ့ ဘယ်လိုရှင်းရမယ်မှန်းမသိတဲ့ ငှက်ပျောကောက်ညှင်းထုတ်တွေအလယ်မှာ ကယ်တင်ရှင်ရောက်လာသလို :D။ သူ့ကျေးဇူးကြောင့် ကောက်ညှင်းထုတ်တွေ မပစ်ရတော့ပဲ အောင်မြင်စွာ ရှင်းလင်းပြီးသွားပါတယ်။ စိတ်ထဲမှာတော့ ဒီကောက်ညှင်းထုပ်တော့ နေနှင့်ဦး ရအောင်ပြန်လုပ်ဦးမယ်ဆိုတဲ့ စိတ်တော့ ရှိသေးတယ်။ လောလောဆယ်တော့ နောက်တစ်ခါ ပြန်မစမ်းရဲသေးတာကြောင့် ကိုယ်လုပ်နေကျ ဖြစ်တဲ့ အဂ်လိပ်မုန့်လေးပဲ အေးအေးလူလူလုပ်ပါတော့မယ်ဆိုပြီး စိတ်ဆုံးဖြတ်လိုက်ရတယ်။


ဒီတစ်ခါတော့ပုံစံအဆန်းလေး။ စားလို့လည်းအရမ်းကောင်း။ နံကထိုင်မုန့်လိုမျိုးခပ်ဆန်ဆန်ပါ။ ဒါပေမယ့် နံကထိုင်လောက်လဲ မအီပါဘူး။ ဒီတစ်ခါတော့ အမှတ်၁၀၀ အပြည့်ရသွားပါတယ်။ ကောက်ညှင်းထုပ်ပျက်တာကို ဒီမုန့်နဲ့ အဖတ်ဆယ်လိုက်ရတယ်လို့ပဲပြောရတော့မှာ။ နောက်လည်းခဏခဏ လုပ်ဖြစ်မှာ သေချာပါတယ်။

မုန့်လှလှလေးတွေထွက်လာတော့ အရမ်းပျော်သွားတာ

Recipe is adapted from HHB. Thanks so much!
  • ဂျုံ- ၁၄၀ ဂရမ်
  • ထောပတ်- ၁၄၀ ဂရမ်
  • သကြား (icing sugar)- ၆၅ ဂရမ်
  • corn flour - ၃၀ ဂရမ်
  • vanilla extract - 1/2 tsp
လုပ်နည်း
  1. ပထမဆုံး ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်ကို စကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွလာအောင်ခေါက်ပါ။ (ထောပတ်က အခန်းအပူချိန်ဖြစ်ရပါမယ်)
  3. vanilla ကိုထည့်ပြီး ၁ မိနစ်လောက်ဆက်မွှေပေးပါ။
  4. နောက်ဆုံးမှ ဂျုံအရောကို ထည့်မွှေပါ။
  5. သမသွားရင် လိုချင်ရာပုံလေးတွေလှီးပြီး ၁၇၀ ဒီဂရီ oven မှာ ၁၁ မိနစ်လောက်ဖုတ်ပေးပါ။ အအေးခံပြီးရင်စားလို့ရပါပြီ။


ကြိုက်ရင်ဗူးလိုက်မ သွားလို့ရပါပြီ

17 comments:

Bakericious said...

Evy, the butter cookies look crunchy and delicious

MaryMoh said...

Now I wonder why. I only see 2 lovely cookie pictures here and all the words are tiny square boxes...no words!

Evy said...

Thanks Jess and Mary for dropping by.
Oh, those are written in my mother language. Thus it appears as some square box on your screen..:D. Getting lazy and most of the post are published using Burmese (these days) ..Will try to post in English too

KT said...

Hi Evy, just wondering how did you create this beautiful flower shape?

Anonymous said...

လှလိုက်တဲ့ ကွတ်ကီးလေး Cookie Press ကိုဘယ်မှာဝယ်ရမလည်း ပြောပြပါဦးနော်

Evy said...

Cookie Press လေးတွေကို ကုန်စုံဆိုင် (hardware/ အိမ်သုံးပစ္စည်း အစုံရောင်းတဲ့ဆိုင်လေးတွေမှာ) ၀ယ်လို့ရပါတယ်

yuyusan said...

ကျေးဇူးပါပဲ Evy ရေ အမ cheese cake လေးစမ်းကြည့်တာတော့ အဆင်ပြေသွားတယ် ညီမလေးရေ
cookie လေးလည်း စမ်းကြည့်ပါဦးမယ်
"သကြားနဲ့ ထောပတ်ကို ပွလာအောင်ခေါက်ပါ။ (ထောပတ်က အခန်းအပူချိန်ဖြစ်ရပါမယ်)"
လက်နဲ့ခေါက်ရတာလား စက်နဲ့လားဆိုတာဖြေပေးပါဦးနော်

Evy said...

အဆင်ပြေတာသိရလို့ ၀မ်းသာပါတယ် အစ်မရေ။
သကြား၊ထောပတ်ကို အိမ်မှာတော့ စက်နဲ့ပဲခေါက်ပါတယ်။ လက်နဲ့ဆိုရင်တော့ အတော်မွှေရမှာအစ်မရေ။

အေးမြတ်သူဇာ said...

မမရေ...ဖြစ်နိုင်ရင် တဆင့်ခြင်းစီ ပုံလေးတွေနဲ့ တင်ပေးပါလား..မဟုတ်ရင်မျက်လုံးထဲမမြင်လို့...XD

Evy said...

ညီမအေးမြတ်သူဇာ ရေ။ အစ်မနောက်ပိုင်းကျရင်တော့ တစ်ဆင့်ချင်းစီ တင်နိုင်အောင် ကြိုးစားပေးပါ့မယ် :-)

အေးမြတ်သူဇာ said...

ဟုတ်မမ....ကျေးဇူးတင်ပါတယ်...ညီမကတစ်ခါမှတော့မုန့်မလုပ်ဖူးဘူး...အခုအမဆိုက်ဒ်လေးကိုကြည့်ပြီးအရမ်းသဘောကျသွားပြီး..လိုက်လုပ်ကြည့်မလို့...း)

Anonymous said...

ဒီမုန့် လေးကိုချစ်လို့ အကြိမ်ပေါင်းများစွာလာလာကြည့်တယ်။ ခုလည်းလာကြည့်သွားပြန်ပြီ။း)
အိုင်အိုရာ

Anonymous said...

Come and see this lovely cookie again. :D
Iora

Anonymous said...

muffin လေးလာဖတ်ရင်းကြုံတုန်းလေး ဒီမုန့် လေးထပ်လာကြည့်သွားတယ်..ချစ်လွန်းလို့ ..း)
အို်င်အိုရာ

Anonymous said...

ဆေးဘဲဥအစပ်ကြော်လာဖတ်ရင်းဒီမုန့် လေးထပ်လာကြည့်သွားတယ်။
အိုင်အိုရာ

suyi nandar said...

Icing sugar နဲ့ ရိုးရိုး sugar ဘာကွာလဲဟင်​ အမ?

Evy said...

Icing sugar က သကြားအမှုန့်ပါ