ပုဇွန် ကို Cheese/ Thousand island နဲ့ကင်ထားတာပါ။ ဒါမျိုးကို အပြင်ဆိုင်မှာ စားဖူးလို့ လုပ်စားချင်နေတာကြာလှပါပြီ။ ခုမှတကယ်လုပ်ဖြစ်သွားတာ။ အအီစာ ကြိုက်တဲ့ လူတွေအတွက်တော့ အတော်ပါပဲ။ နဲနဲတော့ အီတယ် ၊ဒါပေမယ့်စားလို့တော့ တကယ်ကောင်းပါတယ်။ ၀ိတ်တက်မှာလားတော့ မမေးနဲ့နော်။ အသေအချာပါပဲ။ ပြီးရင်လေ့ကျင့်ခန်းပိုလုပ်လိုက်ပေါ့။
- လုပ်နည်းလေးကတော့ လွယ်လွယ်လေးပါပဲ။
- ပုဇွန် လေးတွေကိုရေဆေး ၊ပြီးရင် ကျောခွဲပြီး အစာလမ်းကြောင်းထုတ်၊ ပြန့်ပြန့်လေးဖြစ်သွားအောင် ဖိချလိုက်ပါ
- Cheese နဲနဲ နဲ့ Thousand Island ကိုပြန့်သွားတဲ့နေရာလေးပေါ်တင်
- ၂၀၀ ဒီဂရီမှာ ၅ မိနစ် ကနေ ၇ မိနစ် (ဒါမှမဟုတ် cheese တွေပျော်သွားတဲ့ အထိ) ကင်ပေးပါ
- သုံးဆောင်လို့ရပါပြီ
I've been wanted to try this out quite sometimes ago after having it at Sakura. I just love its cheesy and rich flavor. However, it has no chance to appear on my bake list as I was too busy baking other stuff. Finally, I managed to make them successfully today. Pretty easy to make though.
- Rise well the prawns
- With a sharp knife, make a slit in the center
- Clean the prawn and press two fleshes to the side and making the space for dressing.
- Spread thousand island dressing and some cheese powder
- Bake in 200 degree C preheated oven for 7 mins and that's ready.
5 comments:
looks cheesy and yummy
အဟင့် အဟင့် မမရယ်
ဘာလို့ ဒီလောက်တော်နေတာလဲဟင် မမ
ရုံတောင် မမနဲ့ အိမ်ချင်းနီးချင်ပြီတိလား
လုပ်စားအုံးမှ လွယ်မ.်ထင်တာပဲလေ
ဟီ ဟိ စကားမစပ် မွေးနေ့ က ၉ လ ၁၂ရက်
ခင်မင်စွာဖြင့်
ရုံလေး
စားချင်စရာလေး.. တစ်ခါမှ cheese နဲကိုသိပ်ပြီး ကင်တာ မစားဖူးသေးဘူး...
Thousand Island so tar bar ko khaw tar lae ? thanks
Hi Jess, yup they are very cheesy. I love it.
ရုံလေး လုပ်စားကြည့်ပါ။
ကူးကူး လာလည်တာကျေးဇူး။
Anonymous - Thousand Island Dressing ပုံကိုတင်လိုက်ပြီနော်
Post a Comment