
တရုပ်ဟင်းတစ်မျိုးပါ။ ချက်ရတာလည်း လွယ်ပါတယ်။ အပြောင်းအလဲလေးပေါ့။
- ကြက်သား ၂၅၀ ဂရမ်
- သကြား စားပွဲဇွန်း ၁ဇွန်း
- နှမ်းဆီ လက်ဘက်ရည်ဇွန်း၁ဇွန်ူ
- ဆားအနည်းငယ်
- ပဲငါးပိ စားပွဲဇွန်း ၂ဇွန်း
- ကော်မှုန့် လက်ဘက်ရည်ဇွန်းတ၀က်
- ခရုဆီ စားပွဲဇွန်း ၂ဇွန်း
- ကြက်သားမှုန့်စားပွဲဇွန်းတစ်ဇွန်း
- ကြက်သွန်နီ ၅မွှာ
- ငရုပ်သီး အနီ အတောင့်ကြီးတစ်တောင့် (အရောင်အတွက်)
- ငရုပ်သီး အနီ အတောင့်သေးတစ်တောင့်
ကြက်သားကို အတုံးသေးသေးတုံး ပြီး နံပါတ် (၂) ကနေ (၈) အထိနဲ့ ရောနယ်ပြီး နှပ်ထားလိုက်ပါ။ ကြက်သွန်ဖြူ၊ ငရုပ်သီး တွေကို blender နဲ့ကြိတ်လိုက်ပါ။ ပြီးရင် ဆီစားပွဲဇွန်း ၃ ဇွန်းလောက် နဲ့ ကြိတ်ထားတဲ့ ငရုပ်သီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ နဲနဲလေးနွမ်းလာပြီဆိုတာနဲ့ ကြက်သားကိုထည့် ပြီး ၁မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်မီးလျော့ ပြီး အရသာ အသားထဲစိမ့်ဝင်တဲ့ အထိ မီးအေးအေးနဲ့တည်ထားပေးပါ။ ၁၅ မိနစ်လောက်ပေါ့။ မီးပေါ်ကချကာနီး ငရုပ်သီး အနီအကြီး ကို ခပ်ပါးပါးလေးလှီးပြီးထည့်ပြီး သမအောင်မွှေပေးပါ။ စားရန်အသင့်ဖြစ်ပါပြီ။
1 comment:
ပဲငပိကြိုက်တယ် :)
စူးနွယ်လေး
Post a Comment