Thursday, October 21, 2010

တရုပ်ကောက်ညှင်းပေါင်း



အကြိမ်ကြိမ်လုပ်စားဖြစ်တဲ့ တရုပ်ကောက်ညှင်းထုပ်ပါ။ ဒီတစ်ခါတော့ အဖေ နဲ့ အမေ့ ကိုလုပ်ကျွေးတာပါ။ ကြိုက်တယ်တဲ့။ လုပ်ရတာပင်ပန်းရကြိုးနပ်တာပေါ့နော်။ ကိုယ်တိုင်လည်း အရမ်းကြိုက်ပါတယ်။ မိဘတွေရောက်တုန်းမှာ လုပ်တတ်တာလေး နဲနဲကိုလုပ်ပေးရတာ (အမှန်က လုပ်တတ်နေပြီဖြစ်ကြောင်းကြွားချင်တာ များများပါ:D ။ ဟိုတုန်းက မီးဖိုချောင်လုံးဝ မ၀င်ခဲ့ဘူးလေ ) ကအမော။ ဘယ်လောက်ပဲ လုပ်နည်းအသစ်တွေတတ်တတ် အမေ့လက်ရာကို မီဖို့ကတော့ အတော်ဝေးပါသေးတယ်။ လုပ်နည်းချင်းတူရင်တောင် အမေ့လက်နဲ့ထိတဲ့ အစားအသောက်တွေကမှ ပိုပြီးအရသာရှိနေသလိုပါပဲ။ အမေ့လက်ရာကိုးနော် ။ ဘယ်တူပါ့မလဲ။

တရုပ်ကောက်ညှင်းပေါင်း လုပ်နည်းကတော့ ဒီမှာ ရေးဖူးပါတယ်။ မဖတ်ဖူးသေးသူများ သွားကြည့်လိုက်ပါနော်။



ဟင်းတစ်မျိုးထဲဖြစ်နေလို့ ဟိုးအရင် ၂ ပတ်လောက်က ကြော်ဖြစ်တဲ့ ကြက်ဥ၊ ဆူးပုတ်ကြော်လေးပါ အဆစ်ထည့်ပေးလိုက်တယ်။

5 comments:

Baby taster said...

တရုတ် ကောင်းညှင်းပေါင်းလည်း ကြိုက်တယ်
ဆူးပုပ်နဲ့ ကြက်ဥကြော်တော့ ပိုကြိုက်
ဒါပေမဲ့ ရုံးဖွင့်ရက်တော့ မစားရဲဘူး
း)

rose of sharon said...

စားချင်စရာလေး... ကောက်ညှင်းမစားဖြစ်တာတောင်ကြာနေပြီ... ခုမှစားချင်စိတ်ပေါက်သွားတယ် :)

Shinlay said...

လာလည်သွားပါတယ်။ မိဘတွေကို နှုတ်ဆက်ပေးပါ။
ဟုတ်ပါတယ်။ အမေ့လက်ရာကတော့ အကောင်းဆုံးပါပဲ။
အမေ့လက်ရာဟင်းနည်းလေးတစ်ခုလောက် မိတ်ဆက်ပေးပါအုံးနော်။

Evy said...

အားလုံးလာလည်တာ ကျေးဇူး။

ဟုတ် မရှင်လေး။ မေမေတို့ကို ပြောလိုက်ပါတယ်။ အမေ့လက်ရာကိုလည်း တင်ပေးပါမယ်နော်

နွေးနေခြည် said...

(အမှန်က လုပ်တတ်နေပြီဖြစ်ကြောင်းကြွားချင်တာ များများပါ:D ။ ဟိုတုန်းက မီးဖိုချောင်လုံးဝ မ၀င်ခဲ့ဘူးလေ )
အတူတူပဲ မEvy ဟိဟိ :D ကိုယ်တိုင်လုပ်ကျွေးတဲ့ အဆင့်တော့ မရောက်သေးဘူး။ ဓာတ်ပုံတွေနဲ့တော့ ကြွားပြီးပြီ။