Saturday, October 16, 2010

ပုဇွန်ကြော် (Cereal Prawn)

Cereal Prawn
ဒါလည်း စလုံးရောက်မှစစားဖူးတဲ့ ပုဇွန်ဟင်းတစ်ခွက်ပါ။ စလုံးရဲ့ ဟင်းလို့ထင်တာပါပဲ (သိပ်လည်းမပြောရဲဘူး တော်ကြာ ဗမာပြည်တစ်နေရာမှာ အရင်တုန်းကတည်းက ရှိပြီးသားတွေဘာတွေဖြစ်နေမှာစိုးလို့) ။ တစ်ခါတလေ စားရင်တော့ ကောင်းပါတယ်။ အမြဲတန်းဆိုရင်တော့ ဒါမျိုးထက် ပုဇွန်ဆီပြန်ဟင်းကို ပိုစားချင်ပါတယ်။ ဒါကတော့ တစ်ခါတစ်လေ အပြောင်းအလဲပေါ့။

အထုပ်မှာပါတဲ့ အညွှန်းအတိုင်းလုပ်လိုက်တာ လွယ်ပါတယ်နော်
  1. ပုဇွန်လေးတွေကို အခွံခွာပြီး သန့်ရှင်းရေးလုပ်ထား ပြီး ဆနွင်း၊ ဆား နယ်ထားပါ (အခွံမခွာပဲ အစာလမ်းကြောင်းကို ကျောခွဲပြီးထုတ်ရင်လည်းရပါတယ်။ ဆိုင်တွေမှာတော့ အခွံခွာလေ့မရှိဘူး)
  2. ပထမဆုံး ကြက်ဥ အနှစ် ၃ လုံးကို ခေါက်ပြီး ဆီပူပူထဲမှာကြော် ဆယ်ထား
  3. ပုဇွန်တွေကိုလည်း ဆီပူပူမှာကြော်ပြီး ဆီစစ်ထားပါ
  4. ဆီစားပွဲဇွန်း ၃ ဇွန်းလောက်ကို ပူအောင်တည်ပြီး ပျဉ်းတော်သိမ် နဲ့ ငရုပ်သီးစိမ်း ပါးပါးလှီးထားတာကို ဆီသတ်ပါ
  5. အနံမွှေးလာရင် cereal ထုပ်ကိုထည့်ပြီး ကြွပ်အောင်ကြော်ပါ။
  6. ပြီးရင်ပုဇွန် ၊ ကြက်ဥကြော်နဲ့ ရောမွှေလိုက်ရင် ရပါပြီ
ပျဉ်းတော်သိမ်၊ ပုဇွန် အနံ့ မွှေးမွှေးလေးနဲ့ စားလို့ကောင်းပါတယ်။

ဒါက Cereal Prawn အမှုန့်ထုပ်ပါ

6 comments:

Baby taster said...

ပုဇွန်ဆို ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ်
ဒါမျိုးတော့တခါမှ မစားဖူးသေးဘူး

Kyaw Hnin Se Lwin said...

တခါမှမစားဖူးဘူး..cereal က နည်းနည်းမာသလိုမဖြစ်ဘူးလားဟင်
:)
ပျော့သွားတာလား

Evy said...

မမာဘူး ညီမရေ။ အဲဒီ Cereal Prawn လုပ်မယ့် Cereal ကသပ်သပ် အထုပ်ကလေး နဲ့လာတာ။ ကြွပ်ကြွပ်လေး

Anonymous said...

အဲဒီ Cereal အထုပ်နမူနာလေးရှိရင် တင်ပေးပါလားနော် ကြက်ဥက အကာအနှစ်ရော ပြီးခေါက်ရမှာပေါ.နော်

Evy said...

Cereal အထုပ် ပုံတင်လိုက်ပါတယ်။ ဒါကတော့ အိမ်မှာသုံးတဲ့ အမျိုးအစားပါ။ တခြားတံဆိပ်တွေလည် ရှိဦးမှာပါ။ ကြက်ဥက အနှစ်ကို ကြော်ရတာပါ။ အကာမပါပါဘူး။

Bakericious said...

looks yummy!