အောက်တိုဘာလမှာ မွေးတဲ့ ညီမနှစ်ယောက်အတွက်ပေါင်းလုပ်လိုက်တဲ့ မွေးနေ့ကိတ်လေးပါ။ ဒီတစ်ခါ ညီမတွေမွေးနေ့က ပျော်စရာပါ။ အဖေ အမေ နဲ့အတူ မွေးနေ့ကို celebrate လုပ်ရတဲ့ အရသာကိုမရတာ ကြာပါပြီ။ ထွေထွေထူးထူးတော့ မချက်ကြပါဘူး။ အလွယ်တကူ Pizza ပဲမှာလိုက်ကြတယ်။
ဘာကိတ်လုပ်ရမလဲလို့စဉ်းစားနေတာကြာပါပြီ။ တစ်ယောက်က "မကြီး သမီးကိတ်မကြိုက်ဖူး ပူတင်းမှ" တဲ့။ နောက်တစ်ယောက်ကတော့ ဘာကိတ်ပဲဖြစ်ဖြစ် ရတယ်လို့ဆိုတယ်။ ဒါနဲ့ သစ်သီးကိတ်လုပ်ရမလား၊ Cheese ကိတ်လုပ်ရမလား စဉ်းစားရင်းနဲ့ နောက်ဆုံး အိမ်မှာ မလုပ်ရသေးတဲ့ ချောကလက်ကိတ်ကို အလှည့်ကျသွားပါတယ်။ ပူတင်းကြိုက်တဲ့သူအတွက်တော့ သပ်သပ်ဗန်းအသေးနဲ့ တစ်ဗန်းပေါ့။
ကိတ်မုန့်ကို တစ်ရက်ကြိုလုပ်ထားပါတယ်။ မနက်မှလုပ်ရင် အလျင်မမီမှာမို့လို့ပါ။ ထုံးစံအတိုင်း Base ကတော့ ခါတိုင်း သုံးနေကျ Sponge Recipe ပါပဲ။
ရလာတဲ့ကိတ်ကို အအေးခံ သုံးပိုင်းပိုင်းပြီး Sugar Syrup သုတ်ထားလိုက်တယ်။
ချောကလက် ခရင်မ် ကိုပြင်ပါမယ်။ ချောကလက် ၂၅၀ ဂရမ်ကို dobule boil နဲ့ အရည်ပျော်အောင်လုပ်။ အေးအောင်ထားပြီး whipping cream 200ml ၊ထောပတ် နဲ့ရောပြီး whipped လုပ်ပါ။ ဒါဆိုရင် ခရင်မ် အဆင်သင့်ဖြစ်ပါပြီ Decorate ကတော့ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ကျွန်မကတော့ ခပ်ရိုးရိုးပဲလုပ်လိုက်ပါတယ်။ ပိုတဲ့ Chocoate Ganache ကိုတော့ ကိတ်ပေါ်လောင်းပြီး အလှဆင်လိုက်တယ်။ Ganache မခဲခင်မှာ ချောကလက် အဖြူလေးတွေကို လိုရာပုံဖေါ်လိုက်တယ်။ အဆန်းမလုပ်တတ်တော့လည်း အပြင်တစ်ဝိုင်း အလယ်မှာတ၀ိုင်းပေါ့။
အားလုံးပြီးသွားပြီဆိုရင်တော့ မစားခင် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီလောက်ထားပေးပါ။ဒါဆိုရင်စားဖို့ အသင့်ဖြစ်ပါပြီ။
ဒါကပူတင်းကြိုက်တဲ့သူအတွက်။
လှီးပြီးသား စားရန်အသင့်။ ခရင်မ် နဲနဲတော့များသွားတယ်။
8 comments:
ညီအစ်မနှစ်ယောက်လုံးအတွက် ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ပါစေနော်
စူးနွယ်လေး
the cake looks so beautiful and delicious, i cannot resist chocolate cake at all :p
Where can I get sponge recipe Ama?
ညီမရေ ဒီမှာကြည့်လိုက်နော်
http://evy-foodlover.blogspot.sg/2009/12/chocolate-swiss-roll.html
Many thanks is :)
အမ ကိတ်အပေါ်မှာ ဖြူးတဲ့ အဖြူ အခဲသေးလေးတွေက ဘာလေးတွေလဲဟင် နို့ခဲလေးတွေလား
ချောကလက် အဖြူလေးတွေ ညီမ
အော် ဟုတ်ကဲ့ ကျေးဇူး အမ
Post a Comment