Easter ရုံးပိတ်ရက်မှာ လွန်ခဲ့တဲ့ ၄  နှစ်တုန်းက ရောက်ခဲ့တဲ့ နေရာဆီတစ်ခေါက်အလည်ပြန်ရောက်ခဲ့
မနက်ဆိုရင် ရုံးမီဖို့ သုတ်သုတ်သွားလာ နေတဲ့ မျက်နှာမျိုးတွေလည်း  မတွေ့ရဘူး။ ရန်လိုစွာ ရုန်းကန်နေတဲ့ မျက်နှာများကို လည်း မတွေ့ရဘူး။  အရာအားလုံးဟာ အေးအေးဆေးဆေးနဲ့မို့ စိတ်ချမ်းသာစရာကောင်းတာတော့ တကယ်အမှန်ပါ။   လမ်းဘေးဆိုင်လေးတွေကလည်း ဗမာပြည်ကလိုမျိုးဆိုတော့ ရုတ်တရက် ဗမာပြည်  အိမ်ပြန်လမ်းကိုပဲ ပြန်ရောက်နေသလိုလို။ ပြောရမယ်ဆိုရင် သဘာဝကို လွမ်းတဲ့  အရှိန်တွေ ခုထိမကုန်သေးပါဘူး။ သွားတုန်းကတော့တက်တက်ကြွကြွ  ပြန်ရမယ်ဆိုတော့မျက်နှာက သိပ်မကောင်းချင်။ စင်္ကာပူကို ပြန်ဝင်ခါနီးလေ  ပိုဆိုးလေ။ အတူသွားတဲ့ သူငယ်ချင်းပြောလိုက်မှပဲ ကိုယ်ဖြစ်နေတဲ့ ဖီလင်ကို  သေချာသဘောပေါက်သွားတော့တယ်။ ခြံထဲပြန်သွင်းခံရတော့မယ့် နွားလေးတွေလိုတဲ့။  :D  ဟုတ်တော့ဟုတ်တယ်နော်။ ကျွန်မတို့အဖြစ်ကလဲ အဲဒီအတိုင်း။ 
ပထမဆုံး ပီနန်ကို အရင်ဝင်။ လေယာဉ်ကြောက်တဲ့ ကျွန်မက  လေယာဉ်စီးရတော့မယ်ဆိုရင် မျက်စေ့မျက်နှာက ခပ်ပျက်ပျက်။ ဘယ်နှစ်ကြိမ်ပဲ  စီးစီး အဲဒီလေယာဉ်အတက်ကို ကြောက်တဲ့ခံစားချက်က လျော့မသွားပါဘူး။ Documentry  ကလာသမျှ Air Crash Investigation တွေကိုမလွတ်တမ်းကြည့်မှတော့  မကြောက်ခံနိုင်ရိုးလား။ တော်ကြာနေရင်းလေထဲမှာတစ်ခုခြု
( သဘာဝ ရှူခင်းတွေကို အမှတ်တရဖြစ်ရအောင်လို့ ဒီမှာပဲမှတ်တမ်းတင်ထားလိုက်တော့
ညနေစာ ၊ ဆိုင်အပြင်အဆင်လေးက ချစ်စရာ (သေချာ ဓာတ်ပုံမရိုက်ခဲ့ရဘူး ၊ ဆိုင်းဘုတ်ပဲရိုက်လာခဲ့တယ်) ။ 
 အစားအသောက်ကလဲကောင်း 
 စားလာသမျှ
ပီနန်တံတား။  အရှေ့တောင် အာရှမှာအရှည်ဆုံးထဲ ပါတယ်ဆိုပဲ 
နောက်နေ့မနက် Ferry နဲ့ ၃နာရီကြာအောင် ကိုစီးရပါတယ်။ ပင်လယ်ထဲက မြင်ကွင်းတွေ။ 
Langkawi လှေဆိပ်။
ပင်လယ်ကမ်းခြေမြင်ကွင်း။
အဲဒီကမ်းခြေမှာ သင်္ဘောသီးသုပ်ရောင်းတယ်။ အရမ်းကောင်း။ sausage တွေကလဲ အစုံ။ အကုန်တော့မစားခဲ့ပါဘူး
ညစာကိုနေ့တိုင်းနီးပါး ၉ နာရီ၊ ၁၀နာရီမှ စားဖြစ်တယ်။ ( မ၀  ခံနိုင်ရိုးလား) အစားအသောက်ကလည်း ကောင်းဆိုတော့  ၀ိတ်လျော့တာတွေဘာတွေခေါင်းထဲဘာ
Langkawi မှာသိပ်ပေါတာတစ်ခုက ပန်းကန်တွေပါဘဲ ။ အဆင်တွေကလဲ လှမလှ။  ဈေးဆိုတာတာလဲ ပေါသလားလို့။ ဒီက Ikea ကိုတောင်သနားသေးတော့တယ်။   ဖြစ်နိုင်ရင် တစ်ဆိုင်လုံးတောင် စလုံးကို မ, လာချင်တာ။ တကယ့်လက်ရှိမှာက  တစ်ခုမှမ၀ယ်ခဲ့နိုင်ပါဘူး။ ပန်းကန်ကြိုက်သူများ သရေယိုနိုင်အောင်  ပန်းကန်ပုံတွေ အများကြီးရိုက်ခဲ့တယ်။
Duty Free ဆိုင်လေးတွေ။ 
ဒါကတောထဲကလမ်းတစ်ခုကို သွားရင်းနဲ့ တွေ့လိုက်ရတဲ့ မြင်ကွင်း။ ကဲဒါမျိုးကို စလုံးမှာ ဘယ်လိုရမလဲ။  
နောက်ဆုံးနေ့မှာ ရေထဲမှာ အဲဒါသွားစီးကြတာ။ ပထမတော့  ကိုယ့်ဘာသာကိုယ်မောင်းမလို့ပဲ။ ဟန်နဲ့ပန်နဲ့ ခဏတက်မောင်းကြည့်လိုက်သေးတယ်။ ၂  ပေ ၃ပေလောက်ပဲ ရွေ့ပြီးကြောက်တာနဲ့ သူတို့မောင်းပို့တဲ့နောက်ကပဲ  လိုက်လိုက်တော့တယ်။ ကင်မရာမန်းလား။ သူက မစီးဘူး။ သူတို့ ကင်မရာတွေကို  စိတ်မချလို့ဆိုပြီး ကမ်းစပ်မှာဓာတ်ပုံရိုက်ပြီး ကျန်ခဲ့ပါတယ်။ 
ဘာပဲပြောပြော ခဏလေးပဲ ဖြစ်ဖြစ်ပျော်လိုက်ရလို့ အားလုံးကို  ကျေးဇူးတင်ပါတယ်။ စီစဉ်သူ ကိုရော ၊ ခရီးအတူသွားတဲ့  သူငယ်ချင်းတွေကိုရောပေါ့။ 
--






 
 
3 comments:
သြော်... အစ်မအိုင်ဗီ ခရီးထွက်နေတာလား။ ဓာတ်ပုံလေးတွေ လှလိုက်တာ။ နေ၀င်ချိန် ကမ်းခြေက ပုံလေး အရမ်း လှတယ်။ ပာုတ်ပနော်။ ပန်းကန် လက်ဖက်ရည်ခွက်လေးတွေလည်း လှလိုက်တာ။ လိုချင်တယ်။
ပန်းကန်တွေ ဓာတ်ပုံထဲက နံပါတ်ပုံလေးထဲက ပန်းကန်ဆက်လေးတွေ လိုချင်လိုက်တာ တကယ်ပါ
ရှုခင်းတွေလည်း သိပ်လှတယ်နော်.
ခရီးသွားရတာ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ
Evyလေး
ဘာလို့ကောမန့်မပေါ်တာလဲ
ခရီးထွက်ရတော့ မွန်းကျပ်မှုတွေ
လျော့သွားတာပေါ့ မဟုတ်ဖူးလား
အစားအသောက်ကလည်း စားချင်စရာ
ရှူ့ ခင်းတွေကလည်း သာယာလိုက်တာ
ထိုင်းကို သွားချင်လိုက်တာ
Post a Comment