Sunday, November 20, 2011

ကင်မ်ချီ


တီဆွိကျေးဇူးနဲ့ ကင်မ်ချီလုပ်စားဖြစ်သွားပါပြီ။ ချဉ်လဲချဉ် စားလို့လဲ အရမ်းကောင်းပါတယ်။ ခါတိုင်းလိုဆိုင်ကနေ  ၀ယ်စရာမလိုတော့လို့ ပိုက်ဆံလဲအတော်သက်သာသွားပါတယ်။ နောက်ကိုလဲ အိမ်မှာပဲ ကင်မ်ချီတည်တော့မယ်လို့ဆုံးဖြတ်လိုက်ပါပြီ။ တီဆွိကို ကျေးဇူးအထူးတင်ပါကြောင်း။

လုပ်နည်းအပြည့်အစုံကတော့ ဒီလင့်ထဲမှာပါ။ ကိုယ့်ဘာသာကိုယ်လဲ နည်းလေးပြန်ကြည့်လို့ရအောင် ဒီထဲမှာပါ ပြန်ကူးလိုက်တယ်။


၁။Korean Cabbage/ Chinese Cabbage အထုတ် တစ်ဝက်လောက်
၂။ မုံလာဥနီ သို့ အဖြူ ဥကြီးတစ်စိတ်လောက်။
၃။ ကြက်သွန်မြိတ် လက်တစ်ဆုတ်စာလောက်။

မုံလာဥကိုလည်း အခွံသင် တစ်လက်မခွဲအရှည်လောက် ပါးပါးသေးသေးလေးတွေလှီးထားပါ။ ကြက်သွန်မိတ်ကိုလည်း လက်တစ်ညိုးစာ အရွယ်ဖြတ်ထားပါ။

မုံလာထုတ်ကို ၂ရက်လောက်ရေခဲသေတ္တာထဲမထည့်ပဲ အရွက်များကိုဖြန့်ပြီးခြောက်အောင် အပြင်မှာထားပါ။ ဆားစိမ်ခါနီးမှ တစ်လက်မလောက်စီဒါးနဲ့ဖြတ် ထားပါ။ ဇလုံကြီးကြီးတစ်လုံးထဲကို ဆား၂ဇွန်းလောက်ရယ် ရေ မုံလာရွက်မြုတ်ရုံထည့်မွှေပါ။ ဆားပျော်ရင် မုံလာရွက်လှီးထားတာတွေ တစ်နာရီခန့် စိမ်ထားပါ။ ပြီးရင် ရေနှစ်ထပ်လောက်ဆေးပြီး စကာနဲ့ ရေခြောက်အောင် တစ်နာရီလောက်စစ်ထားပါ။



ဆားနယ်၊ရေဆေးအပြီး ရေစစ်ထား


ိနယ်ဖို့ ကင်မ်ချိအနှစ်အတွက်
၁။ ဂျင်း လက်မအရွယ် ၄ခု အခွံသင်ထားပါ။
၂။ကြက်သွန်ဖြူ ဥကြီးတစ်ဥ(၈မွှာလောက်) အခွံနွှာထားပါ။
၃။ ကြက်သွန်နီတစ်ဥပါးပါးလှီးပြီး ကြိတ်ထားပါ။
၎။ ငရုပ်သီးအရောင်တင်မှုန့်ညက်ညက် ၃ဇွန်း။
၅။ သကြား၂ဇွန်း
၆။ ငံပြာရည်၂ဇွန်း
၇။ ဆန်မှုန့်တစ်ဇွန်းမောက်မောက်ကို ရေ ၃-၄ဆထည့်ပြီး မပျစ်မကျဲကျိုထားပါ။

 အနှစ်တွေမနယ်ခင်

 ဒါကနယ်ပြီးစ

 ၂ရက်အကြာ

 ဒီပုလင်းက ၁ပတ်ကျော်အကြာမှာ။ ကြာလေပိုကောင်းလေ။

5 comments:

Cameron said...

ခုလိုလုပ်ပြတော့လဲ ကင်မ်ချီလုပ်နည်းက လွယ်လွယ်လေးပဲ...လုပ်ကြည့်ဦးမယ်...။ ကျေးဇူးအမ...။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ကမ်ချီလုပ်မယ် လုပ်မယ်နဲ့ ချိန်နေတာ တစ်နှစ်လောက်ရှိပြီ ခုထိ မလုပ်ဖြစ်သေးဘူး
သူများလုပ်တာတွေမြင်ရင် လုပ်ချင်စိတ်က ပေါ်လာပြန်ရော..
လုပ်ကြည့်ပါဦးမယ်.. တစ်သက်နဲ့တစ်ခါ မလုပ်ဖူးသေးဘူးရယ်

Mrs. Bagel said...

Ama, i am waiting for your new dishes :)

T T Sweet said...

ဝမ်းသာလိုက်တာ။ ဖြစ်တယ်ဆိုတော့။ အိမ်မှာလဲ လုပ်ကြည့်တာဖြစ်ပါတယ်။ ဟိုကွန့်မန့်ဖတ်ပြီး ကိုယ့်ရေးတာတောင် ကွန်ဖီးဒန့် မရှိတော့ဘူး။ ကျေးဇူးနော်။

cho cho chit said...

မမ ရေ .. ကျေးဇူးပါ သေခြာပြထားလို့ ပါ ...