Wednesday, November 9, 2011

Chocolate Cheese Brownies




ဘရောင်နီ၊ ဘရောင်နီ၊ ဘရောင်နီ။ ဒါကတော့ ဒေါ်ကြီးဘို လူကိုတွေ့တိုင်း အော်နေကြစကားတစ်ခုပါ။ အော်တာ အကောင်းအော်တာမဟုတ်ဘူး။ မုန့်တောင်းနေတာ။ မလုပ်ပေးမချင်းကို တဂျီဂျီနဲ့ ကလေးလိုပ ကိုတောင်းတာ။ ခုတစ်ခါတော့ သူ့ဆန္ဒပြည့်ဝဖို့ အကြောင်းဖန်လာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေ သူ့အိမ်မှာ ဘုန်းကြီးဆွမ်းကပ် အလှူကိုဖိတ်တော့ အလှူ့ရှင် စိတ်ချမ်းသာပါစေတော့ ဆိုပြီး ဘရောင်နီလေး လုပ်ယူသွားလိုက်ပါတယ်။ အဆန်းထွင်ပြီး  ချိစ်နဲ့ရော လုပ်လိုက်တာ အရသာက အရင်လိုသိပ်မကောင်းသလိုပဲ။ သူကတော့ ကောင်းတယ်လို့တော့ ပြောတာပါဘဲ။ အလှူမှာ သူကိုယ်တိုင်လုပ်တဲ့ ငါးထမင်းနယ်ကျွေးပါတယ် ။ လူတွေတအားများနေတာနဲ့ ဓာတ်ပုံမရိုက်လိုက်ရဘူး။

အဲ ဘရောင်နီတော့ ဆန္ဒပြည့်ပြီးသွားတဲ့အခါမှာ နောက်တစ်မျိုးကို မျက်စထပ်ပစ်ပြန်ပါလေရောလား။ "ငါနင့်အိမ်လာမယ် ငါ့ကိုမာလာဟင်းလုပ်ကျွေး" တဲ့။ မပြန်ခင် တိုးတိုးတိတ်တိတ် ကပ်ပြောတော။ အဲဒါတင်လားဆိုတော့ အကင်ပါပါတယ်တဲ့။ သူငယ်ချင်း အရင်းခေါက်ခက်ဆိုတော့လည်း သူ့အကြိုက်ကို လိုက်လျောရတောမှာပေါ့။ :D ။ ဒီပို့စ်ကို မြင်ရင်အော်ဦးမှာ အသေအချာပဲ။

ခုလောလောဆယ်တော့ ချိစ်ဘရောင်နီလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။ ဘရောင်နီ စစ်စစ်ကို စမ်းချင်သူများ ဒီပို့စ် ကိုသွားကြည့်ကြပါ။ ကျွန်မအကြိုက်ဆိုရင်တော့ အရင်က ဘရောင်နီတွေကို ပိုပြီးကြိုက်ပါတယ်။

ဘရောင်နီအလွှာအတွက်
  • ချောကလက် ၁၁၀ ဂရမ်
  • ထောပတ် ၃၅ ဂရမ်
  • ဂျုံ ၇၅ ဂရမ်
  • သကြား ၁၅၀ ဂရမ်
  • ပွဆေး ( လက်ဖက်ရည်ဇွန်း တစ်ဝက်)
  • ဆား အနည်းငယ်
  • ကြက်ဥ ၂ လုံး
  • ဗနီလာအမွှေးနံ့  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မုန့်ပြင်နည်း

 ပထမဆုံး ထောပတ်နဲ့ ချောကလက်ကို အရည်ပျော်အောင် မီးပေါ်တင်ပြီး မွှေပေးပါ
 ဒီလိုရလာပါလိမ့်မယ်

နောက်ကြက်ဥနဲ့ သကြားကို ribbon like texture ရအောင်မွှေပေးပါ
ပြီးရင် ခုနက ချောကလက် အရည်ကို ထည့်မွှေ။ ဂျုံကိုလည်း ထည့်မွှေထားပြီး ခဏဘေးဖယ်ထားလိုက်ပါ



ချိစ်အလွှာအတွက်
  • ခရင်မ်ချိစ် ၇၅ ဂရမ်
  • သကြား ၂၅ ဂရမ်
  • ကြက်ဥ ၁လုံး
  • ဂျုံ ၁၅ ဂရမ်
  • ဗနီလာအမွှေးနံ့ လက်ဖက်ရည်ဇွန်း တစ်ဝက်

  1. သကြားနဲ့ ချိစ်ကို သမအောင်ရောမွှေပေးပါ
  2. ကြက်ဥထည့်ပြီး မျှသွားအောင် ထပ်မွှေပေးရပါမယ်
  3. နောက်မှ ဂျုံထည့်၊ အမွှေးနံ့ထည့်မွှေပေးပြီးရင် အဆင်သင့်ဖြစ်ပါပြီ


အိမ်မှာတော့ ၈လက်မ ဗန်းကိုသုံးပါတယ်။ အဲဒီအထဲမှာမှ ခုနက အညိုရောင် မုန့်နှစ် နဲ့ အဖြူရောင်မုန့်နှစ်ကို တစ်လွှာစီထည့်ပေးပြီး ၁၆၀ ဒီဂရီမှာ မိနစ် ၄၀လောက်ဖုတ်ပေးရင် ရပါပြီ။ မုန့်ရမရကို သွားကြားထိုးတံ သို့မဟုတ် မုန့်စမ်းတဲ့ စတီးချောင်းလေးနဲ့ စမ်းလို့ရပါတယ်။ မုန့်သား အလယ်တည့်တည့်ကို ထိုးကြည့်လို့ မုန့်နှစ် ကပ်ပါမလာရင် ရပါပြီ။
ဒါကမဖုတ်ခင်

 ဒါက အအေးခံတုန်း

စားလို့ရပါပြီ

11 comments:

rose said...

ဘရောင်နီ လုပ်နည်းလေးကို ဓာတ်ပုံတွေနဲ့ အဆင့်ဆင့် ပြထားလို့ ကျေးဇူးပါ အစ်မအိုင်ဗီရေ...။ ရို့စ်တော့ ချီစ်ခရမ် ကြိုက်တော့ လုပ်ဖြစ်မှာ သေချာတယ်း))

Anonymous said...

ချိစ်နဲ့ ဆိုလို့ သဘောကျနေတာ ဘရောင်နီသက်သက်လောက်မကောင်းဘူးဆိုတော့.....
ဒါပေမဲ့ချိစ်နဲ့ ဘဲစားသွားမယ်နော်။ လှလည်းလှတယ်။ ဘရောင်နီသိပ်မကြိုက်လို့ ။
မုန့် တွေခဏခဏလာငမ်းတယ်။ လုပ်ဖြစ်အောင်ကြိုးစားအုန်းမယ်။း)
အိုင်အိုရာ

TZH1985 said...

ဒီလိုကျတော့လည်း သိပ်မခက်ခဲသလို ထင်ရတယ်။ မုန့်လုပ်မယ့် ပစ္စည်းတွေ ရှိရင်ကောင်းမယ်။ ကျေးဇူး

Anonymous said...

ချိစ်ကြိုက်တော့ စားကြည့်ချင်တယ်။
အက်ဗီ့ မုန့် လေးတွေက အမြဲလှနေတာဘဲ။
သဘောကျတယ်။
အိုင်အိုရာ

T T Sweet said...

Browny ကို ရိုးရိုးပဲ စားဖူးတာ။ ခုလို ချိစ်လေးနဲ့ကျတော့လဲ လှသားနော်။ အရသာတော့ ဘယ်လိုနေမည်မသိ။ လုပ်နည်းလေးအတွက် ကျေးဇူး ။

Shinlay said...

အလွန်ကြိုက်ပါတယ်။

Cameron said...

ဘရောင်နီကိုစားဖူးတယ် ချီးစ်ပါတာတော့မစားဖူးသေးဘူး ကောင်းမယ့်ပုံပဲ...။ သင်တန်းသွားတက်ဖို့လုပ်နေတာ မအောင်မြင်သေးဘူး... လာမယ့်နှစ်တော့သေချာသွားတက်မယ်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်သာ စားရမယ်ဆိုရင် လောက်တောင်လောက်မယ် မထင်.. စားလို့ကောင်းလိုက်မဲ့ဖြစ်ချင်း
သူများတွေကို အားကျပြီး မုန့်ဖုတ်မယ်လို့ စိတ်ကူးနေတာလဲကြာပေါ့.. ခုထိ အကောင်အထည်မဖော်ဖြစ်သေးဘူး
တစ်နေ့နေ့တော့ဖုတ်ဦးမှပါ
အမှန်ပြောရရင် တကယ်လှတယ်.. ချစ်စရာတောင်ကောင်းသေးတယ်.. ဘရောင်နီလေးက

Unknown said...

EVY ရေ-လုပ်ထားတဲ့မုန်.လေးတွေက စားချင်စရာကောင်းယုံတင်မကဘူး၊ အရမ်းလှတာပဲ...း)

Anonymous said...

မရေ ဒီမှာသုံးထားတာ baking powder လား baking soda လား
Thanks,
Zar Phyu

Evy said...

ဇာဖြူရေ။ baking powder ပါ