တစ်ခါတစ်လေကျရင် တစ်ယောက်စာ (ကိုယ့်အတွက်ကိုယ်) ဆိုရင် ဟင်းမချက်ဖြစ်တာများပါတယ်။ အလုပ်ရှုပ်တာနဲ့ စားတဲ့အချိန်နဲ့ဆိုရင် မတန်ဘူးထင်လို့လေ။ အဲဒီတော့ လွယ်လွယ်ကူကူနဲ့ မြန်မယ့်ဟင်းမျိုးလေးတွေရှာပြီး လုပ်ဖြစ်ပါတယ်။ ခုလည်း လွယ်မယ့်ဟာမျိုးလိုက်ရှာရင်းနဲ့ ငါးသေတ္တာကို တွေ့ပြီးအကြံရတာနဲ့ ထမင်းနယ်စီစဉ်လိုက်တယ်။
ပါမယ့်ပစ္စည်းလေးတွေကလည်း အလွယ်တကူရနိုင်တာမျိုးလေးတွေပါ။ ငါးသေတ္တာရယ် ထမင်းရယ်ရှိရင် အဆင်ပြေပြီ။ ပထမဆုံးငါးသေတ္တာထဲက ငါးတစ်တုံးနဲ့ အနှစ်နဲနဲကိုယူပြီး ဆီပူပူမှာ ၂ မိနစ်လောက်ကြော်လိုက်ပါတယ်။ ပြီးတော့ ငါးကိုခြေပြီး ထမင်း ပန်းကန်လုံး ၁ လုံးကိုရောနယ်ပေးလိုက်ပါ။ ဆားအချိုမှုန့်ကတော့ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်အရာသာညှိပြီးထည့်ပေါ့နော်။ ဒါဆိုရင် စားကောင်းတဲ့ ငါးသေတ္တာ ထမင်းနယ်ရပါပြီ။
သူနဲ့တွဲပြီး စားဖို့အတွက်ကို Teriyaki ဆော့ ဆမ်းထားတဲ့ ကြက်သားကြော်လေးလုပ်လိုက်ပါတယ်။
Chicken Teriyaki
- ကြက်သားရင်ပုံ အသေးတစ်ခု
- ခေါက်ထားသောကြက်ဥ ၁လုံး
- ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
- အချိုမှုန့် အနည်းငယ်
- ပြောင်းဖူးမှုန့် (သို့)အကြော်မှုန့်ု
- Teriyaki sauce
- ပထမဆုံး ကြက်သားကို အတုံးသေးသေးလေးတွေတုံးထာလိုက်ပြီး ဆား၊အချိုမှုန်နဲ့ နယ်ထားလိုက်ပါ။
- ကြက်သားများကို ကြက်ဥခေါက်တဲ့အထဲရောမွှေပေးပြီးမှ ပြောင်းဖူးမှုန့်လူးပြီး ဆီပူပူမှာကြွပ်လာအောင်ကြော် ပြီးဆီစစ်ထားပေးပါ။
- စားကာနီးမှ တီရီယာကီဆော့လေး ဆမ်းပါ။
တစ်ယောက်ထည်းစားပေမယ့် ဖြစ်သလိုမဟုတ်ပဲ အရသာရှိတဲ့ ထမင်းနဲ့ ဟင်းလေးကို အချိန်တိုအတွင်းမှာ ပြင်ဆင်ပြီိး စားနိုင်ပါပြီ။
6 comments:
အပြင်ထွက်လို့ Mall မှာသွားစားရင်၊
Teriyaki chicken ဆိုတာ၊
food cord မှာအမြဲမှာစားလေ့ရှိတယ်။
စားလို့ ကောင်းတယ်။
မ ကြော်ထားတာလဲစားချင်စရာလေး..။
I haven't tried yet :)
အဲဒီတာရီယာကီဆော့နဲ့ အဲလိုမကြော်စားဖူးသေးဘူး ...။
နည်းပညာလေးဖတ်မှတ်ရင်းအားပေးသွားတယ် Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လွယ်ကူမြန်ဆန်ပြီးစားကောင်းမဲ့ဟင်းချက်နည်းလေးတစ်
ခုသိလိုက်ရလို.ကျေးဇူးဘဲ။နောက်နေ.မှလုပ်စားအုံးမယ်။
စားကောင်းမှာပဲ .. လုပ်စားကြည့်အုံးမယ် .. :)
Post a Comment