Tuesday, April 24, 2012

ငါးသေတ္တာထမင်းနယ်နဲ့ ကြက်သားတီရီယာကီ




တစ်ခါတစ်လေကျရင် တစ်ယောက်စာ (ကိုယ့်အတွက်ကိုယ်) ဆိုရင် ဟင်းမချက်ဖြစ်တာများပါတယ်။ အလုပ်ရှုပ်တာနဲ့ စားတဲ့အချိန်နဲ့ဆိုရင် မတန်ဘူးထင်လို့လေ။ အဲဒီတော့ လွယ်လွယ်ကူကူနဲ့ မြန်မယ့်ဟင်းမျိုးလေးတွေရှာပြီး လုပ်ဖြစ်ပါတယ်။ ခုလည်း  လွယ်မယ့်ဟာမျိုးလိုက်ရှာရင်းနဲ့ ငါးသေတ္တာကို တွေ့ပြီးအကြံရတာနဲ့ ထမင်းနယ်စီစဉ်လိုက်တယ်။  

ပါမယ့်ပစ္စည်းလေးတွေကလည်း အလွယ်တကူရနိုင်တာမျိုးလေးတွေပါ။ ငါးသေတ္တာရယ် ထမင်းရယ်ရှိရင် အဆင်ပြေပြီ။ ပထမဆုံးငါးသေတ္တာထဲက ငါးတစ်တုံးနဲ့ အနှစ်နဲနဲကိုယူပြီး ဆီပူပူမှာ ၂ မိနစ်လောက်ကြော်လိုက်ပါတယ်။ ပြီးတော့ ငါးကိုခြေပြီး ထမင်း ပန်းကန်လုံး ၁ လုံးကိုရောနယ်ပေးလိုက်ပါ။ ဆားအချိုမှုန့်ကတော့ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက်အရာသာညှိပြီးထည့်ပေါ့နော်။ ဒါဆိုရင် စားကောင်းတဲ့ ငါးသေတ္တာ ထမင်းနယ်ရပါပြီ။

သူနဲ့တွဲပြီး စားဖို့အတွက်ကို Teriyaki ဆော့ ဆမ်းထားတဲ့ ကြက်သားကြော်လေးလုပ်လိုက်ပါတယ်။

Chicken Teriyaki

  • ကြက်သားရင်ပုံ အသေးတစ်ခု
  • ခေါက်ထားသောကြက်ဥ ၁လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ၀က်
  • အချိုမှုန့် အနည်းငယ်
  • ပြောင်းဖူးမှုန့် (သို့)အကြော်မှုန့်ု
  • Teriyaki sauce

  1. ပထမဆုံး ကြက်သားကို အတုံးသေးသေးလေးတွေတုံးထာလိုက်ပြီး ဆား၊အချိုမှုန်နဲ့ နယ်ထားလိုက်ပါ။
  2. ကြက်သားများကို ကြက်ဥခေါက်တဲ့အထဲရောမွှေပေးပြီးမှ ပြောင်းဖူးမှုန့်လူးပြီး ဆီပူပူမှာကြွပ်လာအောင်ကြော် ပြီးဆီစစ်ထားပေးပါ။
  3. စားကာနီးမှ တီရီယာကီဆော့လေး ဆမ်းပါ။

တစ်ယောက်ထည်းစားပေမယ့် ဖြစ်သလိုမဟုတ်ပဲ အရသာရှိတဲ့ ထမင်းနဲ့ ဟင်းလေးကို အချိန်တိုအတွင်းမှာ ပြင်ဆင်ပြီိး စားနိုင်ပါပြီ။ 

6 comments:

မီးမီးငယ် said...

အပြင်ထွက်လို့ Mall မှာသွားစားရင်၊
Teriyaki chicken ဆိုတာ၊
food cord မှာအမြဲမှာစားလေ့ရှိတယ်။
စားလို့ ကောင်းတယ်။
မ ကြော်ထားတာလဲစားချင်စရာလေး..။

Mrs. Bagel said...

I haven't tried yet :)

Cameron said...

အဲဒီတာရီယာကီဆော့နဲ့ အဲလိုမကြော်စားဖူးသေးဘူး ...။

mstint said...

နည်းပညာလေးဖတ်မှတ်ရင်းအားပေးသွားတယ် Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Oo said...

လွယ်ကူမြန်ဆန်ပြီးစားကောင်းမဲ့ဟင်းချက်နည်းလေးတစ်
ခုသိလိုက်ရလို.ကျေးဇူးဘဲ။နောက်နေ.မှလုပ်စားအုံးမယ်။

yu lay said...

စားကောင်းမှာပဲ .. လုပ်စားကြည့်အုံးမယ် .. :)