စားလို့ကောင်းတဲ့ ထမင်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ မုန်လာဥနီထမင်းပါ။
မုန်လာဥနီခပ်များများ၊ လီမွန်နံ့သင်းသင်းနဲ့ စားလို့ကောင်းလှပါတယ်။
ပါဝင်ပစ္စည်းများ
- basmatiဆန် (သို့) ရိုးရိုးဆန် ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
- မုန်လာဥနီ ခြစ်ထားပြီးသား တစ်ခွက်
- လီမွန်အရည် -စားပွဲဇွန်း ၁ ဇွန်းခွဲ
- မုန်ညှင်းစေ့ လက်ဖက်ရည် ၁ ဇွန်း
- ပျဉ်းတော်သိမ် အနည်းငယ်
- ကြက်သွန်ဖြူ ဥသေးတစ်ဥ (သေးသေးလှီးထားပါ)
- ချင်း လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
- ဆီ - စားပွဲဇွန်း ၃ ဇွန်း
- ဆား အနည်းငယ်
- ဆနွင်း- လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ
ချက်နည်း
- ဆီကို အပူပေးပြီး မုန်ညှင်းစေ့ကိုထည့်ကြော်ပါ။
- မုန့်ညှင်းစေ့လေးတွေ အပူကြောင့် ပေါက်လာပြီဆိုရင် ကြက်သွန်၊ ပျဉ်းတော်သိမ် နဲ့ ချင်းကို ထည့်ပါ
- မုန်လာဥနီများကိုလည်း ၂ မိနစ်ခန့်ထည့်ကြော်ပါ
- နောက်ဆုံးမှာ ဆား၊ ဆနွင်း ထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ
- ချက်ပြီးသားထမင်းများကို အသာအယာ ထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ
2 comments:
ကျေးဇူးတင်ပါသည်။
Ma yay,
where can i find ur ကော်ပြန့်စိမ်း recp? The old block is not working anymore. I can c only pic on FB.
Thanks,
yin
Post a Comment