Sunday, May 26, 2013

လိမ္မော်သီးအချိုပွဲ

ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အချိုပွဲလေး လုပ်စားကြည့်ကြရအောင်။ တွေ့မြင်နေကြ လိမ္မော်သီးလေးကို အဆန်းထွင်ကြည့်လိုက်တာပေါ့။ အသီးလေးတွေက အင်မတန်မှချိုပြီး အရသာရှိတဲ့ အပြင် ပျားရည်၊လီမွန် အချိုရည်ထဲမှာ စိမ်ထားတာကြောင့် စားလို့ကောင်းလှပါတယ်။

  • လိမ္မော်သီးအသေးလေးများ (အခွံနွာထားပါ)
  • ပျားရည် စားပွဲဇွန်း ၂ ဇွန်း
  • လီမွန်လက်ဖက်ရည် ၁ ဇွန်း
  • ရေနွေး ၁၅၀ မီလီလီတာ

 ပြုလုပ်နည်း
ပျားရည်၊ လီမွန်ရည်နဲ့ ရေနွေးကို ရောမွှေထားလိုက်ပါ။
အခွံခွာပြီးသား လိမ္မော်သီးများကို အသာအယာရောထည့်ပေးပါ။
နာရီဝက်နေရင်စားလို့ ရပါပြီ။
အအေးခံထားပြီး စားရင်ပိုစားလို့ကောင်းပါတယ်

စမ်းကြည့်ကြပါဦး

No comments: