Wednesday, May 8, 2013

Rosemary အာလူးကင်




နာမည်ကြီး Chef Jamie Oliver ရဲ့ အာလူးကင်နည်းလေးကို ပြန်လည်မျှဝေမယ်နော်
စားရတာလည်း တော်တော်ကောင်းပြီး အနောက်တိုင်း အစားအစာမျိုးတွေနဲ့ဆိုရင်ပိုပြီး လိုက်ဖက်ပါတယ်။ အနောက်တိုင်း ဟင်းခပ်အမွှေးအကြိုင် Rosemary နဲ့ထောပတ်ကို သုံးထားတာကြောင့် အနံ့လေးကအစ မွှေးကြိုင်နေတာပါပဲ။ သာမန်အာလူးကင်နဲ့ အဓိကကွာခြားချက်က အဲဒီ အမွှေးနံ့နဲ့ ရှာလကာရည်ပါ။ ကျွန်မတို့ အိမ်မှာ ကြက်ကင်ရင်တော့ ဒီအာလူးက မပါမဖြစ်ပေါ့။
တစ်ခါစားဖူးရင်တော့ နောက်အမြဲလုပ်စားဖြစ်မှာ သေချာသလောက်ပါပဲ။ လုပ်နည်းလေး ကြည့်ကြရအောင်.

ပါဝင်ပစ္စည်းများ
·         အာလူး
·         Rosemary (ရယ်ဒီမိတ်ဗူးလေးတွေနဲ့လာပါတယ်)
·         ထောပတ်အနည်းငယ်
·         ရှာလကာရည်
·         ကြက်သွန်ဖြူ
·         ဆား


ပြင်ဆင်နည်း
1.      အာလူး ၁ ကီလိုကို အခွံနွာပြီး ရေအေးနဲ့ ၁၀ မိနစ်ခန့်စိမ်ပါ။
2.      နောက်ရေဆူဆူမှာ နူးလာတဲ့ အထိပြုပ်ပေးပါ။
3.      အာလူးတွေ နူးပြီဆိုရင် ရေစစ်ထားပေးပါ။



4.      နောက်ဗန်းတစ်ခုထဲမှာ ထောပတ် စားပွဲဇွန်း ၂ ဇွန်းလောက်ထည့်ပြီး အာလူးများကို ထည့်ကာ ဆားစားပွဲဇွန်း ၁ ဇွန်းခန့်ဖြူးပြီး ၁၈၀ ဒီဂရီ အာဗင်မှာ မိနစ် ၂၀ လောက်ကင်ပါ
5.      တကယ်လို့ Happy call ဗန်းကို သုံးမယ်ဆိုရင်တော့ ၁၀ အဖုံးပိတ်ပြီး ၁၀ မိနစ်လောက်ပါပဲ
6.      ကင်နေတုန်းမှာ rosemary အနည်းငယ်+ ရှာလကာရည် စားပွဲဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်ဖြူများကို ရောမွှေပြီး ပြင်ထားပါ
7.      နာရီဝက်ကြာရင် (သို့ happy call အိုးနဲ့ဆိုရင် ၁၀ မိနစ်လောက်ကြာရင်) ဗန်းကိုထုတ်ပြီး အာလူးခြေတံနဲ့ အသာဖိခြေပေးပါ။

နောက် စပ်ထားတဲ့ seasoning ကိုထည့်ပြီး နောက်ထပ် မိနစ် ၂၀ လောက် သို့ အပေါ်ယံလွှာလေးတွေ ကြွပ်လာတဲ့ အထိပြန်ကင်ပေးပါ။
ဒါဆိုရင်တော့ ရနံ့မွှေးပြီး အရသာရှိတဲ့ အာလူးကင်အဆင်သင့်ဖြစ်ပါပြီ


4 comments:

Ivy_Techno said...

ဘာ vinegar အမျိုးအစားသုံးလဲမသိဘူးနော်

Ivy_Techno said...

oven မသုံးပဲ တခြားနည်းနဲ့လုပ်လို့ရနိုင်ရင်ပြောပြပေးပါအုန်း :)

Evy said...

Happy Call Pan လဲသုံးလို့ရပါတယ်။

Unknown said...

Rosemary နေရာ မှာ ဘာအစားထိုးလို.ရနိုင်မလဲ ရှင် .. thank you!