လွယ်ကူရိုးရှင်းတဲ့ appetizer တစ်ပွဲပါ။
ပုံမှန်အားဖြင့်ဆိုရင်တော့ ပုစွန်ပြုပ်ကိုတကူးတကပြင်ဆင်ပြီး ဧည့်ခံဖို့စိတ်ကူးရမှာ
မဟုတ်ကြပါဘူး။ ဒါပေမယ့် အပြင်အဆင်နဲ့ လိုက်ဖက်တဲ့ ဆော့စ်နဲ့သာတွဲဖက်လိုက်ရင်တော့
မျက်နှာပန်းလှပြီး အချိန်ကုန်သက်သာလှတဲ့ ဟင်းတစ်ပွဲရမှာ အသေအချာပါဘဲ။
ဒီဟင်းပွဲမှာတော့ ပုစွန်ကို အဓိကထားစားသုံးပေမယ့် သူ့ထက်အဓိကပိုကျတာကတော့
တွဲဖက်စားသုံးရမယ့် ဆော့စ်ပါပဲ။ ၅ မိနစ်အတွင်းအလုပ်ဖြစ်မယ့်
ပုစွန်ဟင်းပွဲလုပ်နည်းလေးကို ရေးပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ပုစွန်ကျား - ၁၀ကောင်
ချင်း အနည်းငယ်
ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
ရေနွေးဆူဆူထဲတွင် ချင်း၊ ဆီထည့်ကာ
ပုစွန်များ ထည့်ပြုပ်ကာ ၃ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။
ဆော့စ်အတွက်
Olive oil (သို့) နေကြာဆီ စားပွဲဇွန်း ၆ ဇွန်း
ကြက်သွန်မိတ် လက်တစ်ဆုပ်စာ
ကြက်သွန်ဖြူ ၅ မွှာ
ဆားအနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
ငရုပ်သီး ၂ တောင့်
- ပန်းကန်လုံးတစ်ခုတွင် ကြက်သွန်မိတ်ပါးပါးလှီး ကြက်သွန်ဖြူကိုခြစ်ထားပြီး သေးသေးလှီးထားသော ငရုပ်သီးများနှင့်ရောမွှေကာ ထည့်ထားပါ
- ထို့နောက် ဆားအနည်းငယ်ကိုထည့်ပါ။
- ဆီကိုအပူပေးကာ ကြက်သွန်အရောထဲကိုလောင်းထည့်ပါ။
- ထို့နောက် ပဲငံပျာရည်ကိုပါထည့်မွှေကာ ပုစွန်ပြုပ်နှင့်တွဲဖက်သုံးဆောင်ပါ။
No comments:
Post a Comment