Friday, June 20, 2014

ကြွက်နားရွက်မှိုထမင်းကြော်





ချင်းနံ့သင်းသင်းမွှေးတဲ့ ထမင်းကြော်နည်းတစ်မျိုးကို ကြည့်ကြရအောင်။ အဓိက အဖြစ်ကြွက်နားရွက်မှိုနဲ့ ကြက်သားကို သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ


  • ကြွက်နားရွက်မှု အနည်းငယ် (ရေစိမ်ထားပါကာ သေးသေးလှီးထားပါ)
  • ထမင်း တရုပ်ပန်းကန်လုံး ၂ လုံး
  • ကြက်သား အနည်းငယ် (သေးသေးလှီးကာ ပဲငံပျာရည်၊ ဆားနယ်ထားပါ)
  • ကြက်ဥ ၂ လုံး (ခေါက်ထားပါ)
  • ချင်း လက်တစ်ဆစ်စာ (သေးသေးလှီးထားပါ)
  • ကြက်သွန်ဖြူ အနည်းငယ်



ပြုလုပ်နည်း


  • ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို အပူပေးကာ ကြက်သားနှင့် မှိုများကို ထည့်ကြော်ပါ။
  •  ၃ မိနစ်ခန့်ကြော်ပြီးလျှင်ဆယ်ထားပါ။
  • ထိုနောက်ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးကာ ချင်း ထည့်ကြော်ပါ။
  • ကြက်ဥကိုလည်းထည့်ကြော်ပါ။
  • ထို့နောက် ထမင်း၊ ကြက်သား နှင့်မှိုများကိုလည်း ထည့်ကြောပေးပါ။
  • ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်း၊ ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲခန့်ထည့်ကာ အပေါ့အငံညှိပါ။
  • ၃ မိနစ်ခန့်ကြော်ပြီးလျှင်သုံးဆောင်ပါ။

No comments: