Tuesday, July 1, 2014

သရက်သီးကောက်ညှင်းပေါင်း





အရသာရှိလှတဲ့ ယိုးဒယားအချိုပွဲတစ်မျိုးပါ။ ဗမာကောက်ညှင်းပြန်ပေါင်းနဲ့ ဆင်မယ်ထင်ပါတယ်။ လွယ်ကူမြန်ဆန်ပြီးခဏတာအတွင်းမှာ လုပ်စားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် ၂၀၀ ဂရမ်
အုန်းနို့ ၂၅၀ ဂရမ်
သကြားစားပွဲဇွန်း ၅ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
သရက်သီး၁ လုံး - စိတ်ထားပါ

အုန်းနို့ဆမ်းရန်အတွက်
အုန်းနို့ ၁၀၀ ဂရမ်
သကြားစားပွဲဇွန်း ၁ ဇွန်းခွဲ
ဆားအနည်းငယ်
အုန်းနို့ဆမ်းအတွက် ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေကာ မီးပေါ်မှာဆူသည်အထိ အပူပေးပါ။ ဆူလျှင်အအေးခံထားပါ။

ကောက်ညှင်းပေါင်းပြုလုပ်နည်း

ကောက်ညှင်းများကို ရေဆေးကာ တစ်ည (သို့) ၆ နာရီခန့်ရေစိမ်ပါ။
ထို့နောက် ရေနွေးဆူဆူတွင် နာရီဝက်ခန့်ပေါင်းပါ။
ပြီးလျှင် အုန်းနို့၊ သကြား၊ဆားနှင့်ရောမွှေကာ မိနစ် ၂၀ ခန့်ထပ်ပေါင်းပါ။
အုန်းနို့ဆမ်းကာ သရက်သီးစိတ်များဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments: