မနက်စာအတွက်သင့်တော်တဲ့
ကြက်သား၊ဟင်းနုနယ် Muffin ပါ။ ဒါကတော့ အင်္ဂလိပ်အခေါ်ပေါ့။ အနီးစပ်ဆုံး
မြန်မာအခေါ်အဝေါ်ကို ပြောပါဆိုရင်တော့ ကြက်သားပေါင်းနဲ့ နီးစပ်တယ်လို့ပဲ
ပြောရမှာပါပဲ။ ဒီနည်းကတော့ ကြက်သားတစ်ခုထဲတင်မကပဲ အသီးအရွက်၊ ကြက်ဥများပါပါဝင်ပြီး
Oven သုံးကာဖုတ်ထားတဲ့နည်းပါ။ မနက်စာအဖြစ် ရေနွေးကြမ်းပူပူလေးနဲ့ပဲ သောက်သောက်၊
ကော်ဖီလေးနဲ့တွဲစားစား အရသာရှိလှပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၂လုံး
- ကြက်သွန်မိတ် ၂ ပင် (သေးသေးလှီးပါ)
- ကြက်ရင်ပုံ ၁ ခြမ်း (နုတ်နုတ်စဉ်းပါ)
- နုတ်နုတ်စဉ်းထားသော ပန်းငရုပ်ပွ လက်တစ်ဆုပ်စာ
- ဟင်းနုနယ်အရွက် - လက်တစ်ဆုပ်စာသာသာ
- ချယ်ရီခရမ်းချဉ်သီး- အနည်းငယ်
- ဆီ စားပွဲဇွန်း ၁ ဇွန်း
- ပဲငံပျာရည် လက်ဖက်ရည် ၁ဇွန်း
- ကြက်သားမှုန့်လက်ဖက်ရည် ၁ ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
- ကြက်ဥကို ဆားအနည်းငယ်ထည့်ကာ ခေါက်ထားပြီး ကြက်သွန်မိတ်နဲ့ ရောမွှေထားပါ
- နုတ်နုတ်စဉ်းထားသော ကြက်သားကို ကြက်သားမှုန့်နဲ့ရောနယ်ကာ ဆီပူပူမှာမွမွလေးများဖြစ်လာအောင် မွှေကာဖိခြေပေးပါ။ထို့နောက် ပဲငံပျာရည်ကိုလည်းရောထည့်ပါ။
- ပန်းငရုပ်ပွကို ထည့်ကြော်ပြီး ၁ မိနစ်ခန့်ကြာလျှင် ဟင်းနုနယ်ကိုရောမွှေပါ။
- ဟင်းနုနယ် နွမ်းစပြုလျှင် ကြက်ဥများကို ထည့်မွှေကာ အနည်းငယ်ပျစ်လာလျှင်မီးပိတ်လိုက်ပါ။
- ဆီသုတ်ထားသော Muffin ခွက်လေးများထဲတွင်ထည့်ကာ ချယ်ရီခရမ်းချဉ်သီးများထည့်ပါ။ ချိစ်နှစ်သက်လျှင် အနည်းငယ်ခြစ်ထည့်နိုင်ပါတယ်။
- ထို့နောက် ၁၈၀ ဒီဂရီအပူပေးထားသော အာဗန်တွင် ၁၇ မိန်နစ်ခန့်ဖုတ်ပေးရင်တော့ အနံ့အရသာပြည့်စုံသော ကြက်သား အသီးအရွက် muffin လေးများ အဆင်သင့်ဖြစ်ပါပြီ။
2 comments:
Oh la la :D
ကျေးဇူးပါ Evy ရေ...မုန့်လုပ်နည်းတွေ တစ်ချို့လက်တွေလုပ်ဖြစ်တယ်။
Post a Comment