အာဟာရပြည့်ဝတဲ့ မနက်စာတစ်မျိုးက Overnight Oat လို့ခေါ်တဲ့
ညကတည်းက ပြင်ဆင်ထားရတဲ့ အစားအသောက်တစ်မျိုးပဲ ဖြစ်ပါတယ်။
အဓိကကတော့ Oatmeal ၊ ဒိန်ချဉ်နဲ့ နွားနို့ဆတူပါဝင်ပြီး အနည်းဆုံး ၆ နာရီကြာအောင် ရေခဲသေတ္တာထဲမှာ ညသိပ်ထားရပါတယ်။ နှစ်သက်ရာခွက် (သို့) ပုလင်းကို အသုံးပြုနိုင်ပြီး လေလုံအောင်အဖုံးပိတ်ထားနိုင်ရင်ပိုကောင်းပါတယ်။ အရသာခပ်ဆိမ့်ဆိမ့်လေးနဲ့ အသီးလေးတွေထည့်စားရင် ပိုပြီးစားကောင်းပါတယ်။

ပါဝင်ပစ္စည်းများ
Oatmeal - 1/3 cup
(မုန့်ဖုတ်သုံးခွက်ကိုဆိုလိုပါတယ်)
နွားနို့ - 1/3 cup
ဒိန်ချဉ် - 1/3 cup
အားလုံးကို
ရောမွှေပြီး ခွက်တွေထဲထည့်ကာ လေလုံအောင် အဖုံးဖုံးပြီး ရေခဲသေတ္တာထဲမှာ
ညသိပ်ထားလိုက်ပါ။
မနက်ကျမှ မိမိနှစ်သက်ရာ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ငှက်ပျောသီး စတဲ့အသီးများထည့်ကာ ပျားရည် (သို့) Maple Syrup အနည်းငယ်ဆမ်းကာ သုံးဆောင်နိုင်ပါတယ်။

1 comment:
Thanks for Overnight Oat Evy ♥♥♥
Post a Comment