Cookies
လုပ်နည်းတွေရေးခဲ့ဖူးပါတယ်။ Subway cookies လုပ်နည်းလဲရှယ်ခဲ့ဖူးပါတယ်။
ဒီတစ်ခါမှာတော့ အဲဒီ Subway Cookies လုပ်နည်းကိုပဲ အခြေခံထားတဲ့ Oatmeal Cookies
လုပ်နည်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ကွတ်ကီးအများစုဟာ
မာမာကျွတ်ကျွတ်လေးတွေဖြစ်ပါတယ်။ ဒီကွတ်ကီးလေးတွေကတော့ ပျော့ပျော့လေးတွေနဲ့
အင်မတန်ကို စားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
- သကြားအညို - 1 Cup
- သကြားအဖြူ- ¼ Cup
- Oatmeal – 1 ½ Cup (ညက်နေအောင်ကြိတ်ပါ)
- ရိုးရိုးဂျုံ ဂျုံ - 1 ¼ cup (တစ်ခွက် + တစ်ခွက်ရဲ့လေးပုံတစ်ပုံ)
- ဘိတ်ကင်ဆော်ဒါ - လက်ဖက်ရည် ၁ ဇွန်း
- ဗနီလာ- လက်ဖက်ရည် ၁ ဇွန်း
ချောကလက်စေ့အနည်းငယ် - ကြက်ဥ - ၂လုံး
ထောပတ် ၂၅၀ ဂရမ်
ပြုလုပ်နည်း
- ဦးစွာ သကြား၊ ထောပတ်ကို
ဖြူပြီးပွလာအောင်မွှေပေးပါ
နောက်ကြက်ဥကို တစ်လုံးချင်းစီထည့်ကာ မွှေပါ။ - ဂျုံ၊ ဘိတ်ကင်ဆော်ဒါ၊ Oatmeal များကိုလည်း
ထည့်မွှေပါ။
နောက်ဆုံးမှ ချောကလက်စေ့များရောထည့်ပါ။ - ၁၇၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
1 comment:
ကွတ်ကီးဆိုရင် ကြိုက်စ်... အိမ်မှာအမြဲဆောင်ထားတယ် Evy ရေ။ ဖြတ်သွားဖြတ်လာ ကြုံတိုင်း စားပွဲပေါ်တင်ထားတဲ့ ကွတ်ကီး ထားမလောက်ပဲ။
Post a Comment