Cupcake လေးတွေက လုပ်ရတာလွယ်သလို
တစ်ခုချင်းစီအလှဆင်လို့ကောင်းတာကြောင့် လူကြိုက်များတဲ့ မုန့်လေးတွေပါ။ ခရင်မ်ကအစ ကိုယ်ကြိုက်တဲ့
အရောင်နဲ့ ဒီဇိုင်းကို တစ်ခုချင်းစီရွေးပြီး လုပ်နိုင်တာကြောင့် ဖေဖော်ဝါရီအတွက်တော့
မပါမဖြစ်မုန့်လေးတွေလို့ တင်စားချင်ပါတယ်။ ဒီမုန့်အတွက်တော့ ခရမ်းရောင် အဖျော့ခရင်ကိုရွေးသုံးထားပါတယ်။
မုန့်သားကတော့ ရိုးရိုး ဗနီလာမုန့်သားပေါ့။
ပါဝင်ပစ္စည်းများ
- ထောပတ် ၁၂၀ဂရမ်
- သကြား ၁၀၀ ဂရမ်
- ကြက်ဥ ၂ လုံး
- ဂျုံ ၁၃၀ ဂရမ်
- Baking powder ½ tsp
- နွားနို့ စားပွဲဇွန်း ၂ ဇွန်း
လုပ်နည်းအဆင့်ဆင့်
- ဂျုံ၊ baking powder ကို စကာ ချထားပါ။
- ပထမဆုံး သကြားနဲ့ ထောပတ် ကို ပွလာအောင် မွှေပေးပါ။
- ကြက်ဥကို တစ်လုံးချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
- ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
- ထို့နောက်မုန့်ဖုတ်မည့် ခွက်ထဲကို ထည့်ပြီး ၁၇၀ ဒီဂရီ တွင် ၁၈ - ၂၀ မိနစ် ဖုတ်ပေးပါ။
- မုန့်ကျက်မကျက်ကိုသိရန် cake skewer ဖြင့် မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
ခရင်မ်လုပ်နည်း
·
Non
dairy whipping ၂၀၀ ဂရမ်ကိုပွပြီး စေးလာအောင် စက်ဖြင့်ခေါက်ပေးပါ။ ခရမ်းရောင် အစားအသောက်ဆိုးဆေးအနည်းငယ်ထည့်ပေးပါ
·
ဒါဆိုရင်တော့
အလှဆင်ဖို့ ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။
·
အခုလုပ်ပြထားတဲ့
ကိတ်အတွက်တော့ start tip အကြီးကိုသုံးပေးထားပါတယ်။
·
ခရင်မ်ကို
မုန့်အပြင်သားမှစပြီး လက်ယာရစ်ရစ်ချကာ အလယ်မှာအဆုံးသတ်ပေးပါ။
·
အသဲပုံသကြားခဲလေးများနဲ့
အလှဆင်လိုက်ရင်တော့ ချစ်စရာကောင်းတဲ့ မုန့်လေးများရမှာဖြစ်ပါတယ်။
1 comment:
မမ Cake လုပ်လို့တော့ရတယ် ခရင်လုပ်လို့မရဘူး ဟိုတခါwhippingခရင်ဝယ်ပြီးလုပ်တာမရဘူး ဘယ်လောက်ကြာကြာမွှေရလဲ လက်ကိုင်မွှေစက်နဲ့မွှေတာရလား ခရမ်းရောင်ဆိုးဆေးဘယ်မှာဝယ်ရလဲကျေးဇူ့ပြုပြီးပျောပေးပါ
Post a Comment