ဒါကတော့ Food Magazine Feb Issue အတွက်လုပ်ပေးဖြစ်တဲ့ မုန့်တစ်ခုပါ။ Swiss Roll နှစ်သက်သူတွေ အကြိုက်တွေ့ကြမှာပါ
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၄လုံး
- သကြား ၈၀ ဂရမ်
- ဂျုံ ၈၅ ဂရမ်
- ကိုကိုးမှုန့် ၁၅ ဂရမ်
- ပွဆေး (baking powder) လက်ဖက်ရည် ဇွန်းထက်ဝက်
- ဆီ ၄၀ ဂရမ်
- ဗနီလာအနံ့- လက်ဖက်ရည်ဇွန်း ထက်ဝက်
ခရင်မ် အတွက်
·
Non
dairy whipping cream - ၁၀၀ ဂရမ်
·
ချောကလက် ၇၀ ဂရမ်
၂
ခုလုံး ပျော်သွားအောင် double boil လုပ်ပြီးအပူပေးထားပါ။ အခန်းအပူချိန်အထိ
အအေးခံပါ။ ထို့နောက် whipping cream ၈၀ ဂရမ်ကိုပွလာအောင် စက်ဖြင့်ခေါက်ပေးပါ။
အအေးခံထားသော ချောကလက်အရည် စားပွဲဇွန်း ၃ ဇွန်းခန့်ဖယ်ကာ
ကျန်သောချောကလက်ရည်များအား တဖြည်းဖြည်းလောင်းထည့်ပေးပါ။ ဒါဆိုရင်တော့
ခရင်မ်အဆင်သင့်ဖြစ်ပါပြီ။
မုန့်လုပ်နည်းအဆင့်ဆင့်
(၁၀လက်မ x ၁၀လက်မဗန်း ဆီစိမ်စက္ကူခင်းထားပါ)
- ဂျုံ၊ ကိုကိုးပေါင်ဒါနဲ့ ပွဆေးကို စကာချထားပါ။
- ကြက်ဥနဲ့သကြားကို ဖြူပြီး ပွလာအောင်စက်ဖြင့်ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။
- ပြီးမှ ဂျုံ+ ပွဆေး + ကိုကိုးပေါင်ဒါ(စကာချပြီးသား)ကိုအသာအယာရောမွှေပေးပါ။
- နောက်ဆုံးမှ ဆီ+ ဗနီလာ ကိုရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့်ရောပေးပါ။
- ရလာသောမုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။
- ထို့နောက် ၂၀၀ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၃မိနစ်ဖုတ်ပေးပါ။
- မုန့်ကို ဗန်းထဲကထုတ်ပြီး ခဏအအေးခံပါ။
- ထို့နောက် ဆီစိမ်စက္ကူတစ်ခုပေါ်တွင် မုန့်ကို မှောက်ချပေးပါ (အပေါ်မျက်နှာပြင်သည် ဆီစိမ်စက္ကူပေါ်မှာကျရပါမည်)။
- နောက် မုန့်အောက်ခြေမှာကပ်ပါနေသော ဆီစိမ်စက္ကူကို အသာအယာခွာပါ
- ခရင်မ် ကို ထိုမျက်နှာပြင်တွင် ဖြန့်ခင်းကာ မုန့်ကို အသာအယာလိပ်ပေးပါ။
- ရလာသော မုန့်ပေါ်တွင်လည်း ချန်ထားသောချောကလက်ရည် ကိုအသာအယာလောင်းချပေးကာ အနီရောင်သကြားခဲများ ဖြူးပြီး အလှဆင်ပါ။
1 comment:
ချော့ကလက်ဆွစ်ရိုး နည်းပညာလေးယူသွားပြီ Evy ... thanks a lot :)
Post a Comment