Wednesday, April 1, 2015

Chocolate Chip Muffins




လက်ဖက်ရည် သောက်ချိန်အတွက်ပဲ ဖြစ်ဖြစ်..မနက်စာအတွက်ပဲ ဖြစ်ဖြစ် အဆင်ပြေမယ့် လွယ်ကူမြန်ဆန်တဲ့ Muffin လေးတွေလုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ရိုးရိုးဂျုံ - ၂၂၀ ဂရမ်
  • ဘိတ်ကင် ပေါင်ဒါ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဘိတ်ကင်ဆိုဒါ - လက်ဖက်ရည် ဇွန်းတစ်ဝက်
  • ကိုကိုးပေါင်ဒါ - စားပွဲဇွန်း ၂ ဇွန်း
  • သကြား - ၁၅၀ ဂရမ်
  • ချောကလက်စေ့အနည်းငယ်
  • နွားနို့ - ၂၀၀ ဂရမ်
  • ဆီ - ၈၀ ဂရမ်
  • ကြက်ဥ ၁ လုံး
  • ဗနီလာ အနံ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • မညက်တစ်ညက်ဖြစ်အောင် ကြိတ်ထားသော Almond စေ့အနည်းငယ်


ပြုလုပ်နည်း

  • ဂျုံ၊ ဘိတ်ကင်ပေါင်ဒါ၊ ဆိုဒါ ကိုကိုးမှုန့်များကို စကာချကာ ဇလုံအကြီးတစ်ခုထဲ ထည့်ပါ။
  • သကြားများကို လည်းရောမွှေကာထည့်ပေးပါ။
  • ထို့နောက် အရည်ပစ္စည်းများဖြစ်သည့် နို့၊ ဆီ၊ကြက်ဥ များကို ရောမွှေကာ ထိုဇလုံထဲသို့လောင်းထည့်ကာ သမအောင်မွှေပါ။


  • ချောကလက်စေ့များလည်း ထည့်မွှေကာ Muffin ခွက်များထဲသို့ တစ်ဝက်ကျော်ကျော်ပြည့်အောင်ထည့်ပါ။
  • မုန့်နှစ်ပေါ်မှ Almond အဆံလေးများဖြူးပေးပါ။
  • ထို့နောက် ၂၀၀ ဒီဂရီ အပူပေးထားသော Oven တွင် မိနစ် ၂၀ခန့်ဖုတ်ပါ။


  • မုန့်ကျက်မကျက်ကို မုန့်သားအလယ်တွင် စူးတံသုံးကာ စမ်းပါ။
  • မုန့်နှစ်ကပ်မပါလာလျှင် ရပါပြီ။




No comments: