Wednesday, February 27, 2013

ဒီဇိုင်းအဆန်းနဲ့ ထောပတ်ကိတ်





ထောပတ်ကိတ်လုပ်စားရတာ စားလို့ကောင်းပေမယ့် ပုံကရိုးလွန်းတယ်လို့ ထင်တဲ့သူများအတွက် ဒီဇိုင်းလေးနဲ့ ထောပတ်ကိတ်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ဟင်းပွဲတွေမုန့်တွေကို အင်မတန်မှ အလှဆင်ချင်သူပါ။ မုန့်ရိုးရိုးမျိုးဆိုရင် စားလို့အရသာရှိပေမယ့် ပြင်ဆင်လို့ သိပ်မလှတော့ဘူးထင်ရင် မလုပ်ချင်တဲ့ အကျင့်ရှိတာကြောင့် ရိုးရိုးကို အဆန်းလုပ်လို့ရမယ့် နည်းလေးတွေရှာဖြစ်ပါတယ်။

အခုနည်းလေးက သာမန်ထောပတ်ကိတ်ကို မှအကန့်လေးတွေဖြစ်အောင် လုပ်ထားတာမို့ ရုတ်တရက်ကြည့်လိုက်ရင် ပျောက်ကြားဒီဇိုင်းလေးလိုပါပဲ။ လုပ်ရတာလဲ ပျော်စရာကောင်းတာမို့ အားလုံးပဲ သဘောကျနှစ်သက် နိုင်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ (၈လက်မx ၃.၅ လက်မ ကိတ်မုန့်တစ်လုံးစာ)
  • ဂျုံ ၁၅၀ ဂရမ်
  • baking powder 1 teaspoon
  • သကြား ၁၄၀ ဂရမ်
  • ထောပတ် ၁၄၀ ဂရမ်
  • နွားနို့် ၅၀ မီလီလီတာ
  • ကြက်ဥ ၂လုံး
  • ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်းခန့်

မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။


မုန့်ဖုတ်နည်း

  1. ပထမဆုံး ၈လက်မအရှည် ၃.၅ လက်မအကျယ်ရှိတဲ့ ဗန်းလေးကို ထောပတ်သုတ်ပြီး ဆီစိမ်စက္ကူခင်းပေးထားပါ။
  2.  သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် စက်နဲ့ သို့မဟုတ် မွှေတံလေးနဲ့ မွှေပေးပါ
  3. အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိုရင် ကြက်ဥကိုထည့်ပေးပါ
  4. ခုနကဂျုံအရောကို ၃ ခါခွဲပြီး ထည့်မွှေပေးရပါမယ်
  5. ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့တစ်ဝက်ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပြီး ကျန်တဲ့နွားကိုထည့်မွှေပြီး နောက်ဆုံးပိတ်ဂျုံကို ထည့်မွှေပေးပါ။

မုန့်အကွက်ဖော်နည်း

  • ဂျုံမွှေလို့ပြီးလို့ မှုန့်နှစ်ရလာပြီဆိုရင် ဇွန်းနဲ့ ယူပြီး ပုံပါအတိုင်း ၄ ၊ ၅ ခုလောက်ချပေးပါ
  • နောက် ကိုကိုးမှုန့်ကို စကာနဲ့စစ်ပြီး မုန့်နှစ်တွေကို အုပ်သွားအောင် နေရာအနှံဖြူးလိုက်ပါ
  • ကိုကိုးမှုန့်တွေ အုပ်သွားပြီဆိုရင် နောက်ထပ်မုန့်နှစ်လေးတွေကို ဇွန်းနဲ့ထပ်ချပေးပါ
  • ကိုကိုးမှုန့် ထပ်အုပ်ပေးပါ။ အဲဒီနည်းအတိုင်း မုန့်သားကုန်အောင် လုပ်သွားပါ
  • နောက်ဆုံးအလွှာကိုတော့ ကိုကိုးမှုန့် မအုပ်ပဲ ဒီတိုင်းထားပြီး၁၇၀ဒီဂရီ အပူပေးထားတဲ့ အာဗင်မှာ ၃၅ မိနစ်ခန့်ဖုတ်ပါ။
  • မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ


11 comments:

Cameron said...

It is very easy to bake sis evy.. I will try it this sunday. thanks for receipt.

Anonymous said...

yummy!

Anonymous said...

မမရေ..

ကိတ်မုန့်ဖုန်ပြီးတော့ အပေါ်က အရသာကောင်းကောင်း cream လေးတွေ တင်ချင်လို့ပါ.. အဲဒါလုပ်တဲ့နည်း တင်ပေးပါအုန်းနော် ..icy tube မဟုတ်ဘဲနဲ့လေ .. ဟိုတယ်တွေမှာ ရောင်းတဲ့ ကိတ်တွေလိုမျိုး ကိတ်အလယ်လွှာနဲ့ အပေါ်မှာ cream လေးတွေတင်တာ သိချင်လို့ပါ..

ကျေးဇူးပါနော်

Evy said...

ညီမရေ အရင်တုန်းကရေးထားဖူးတာတွေ ရှိပါတယ်။ နောက်ကျရင် ခုနောက်ပိုင်း လုပ်ထားတဲ့ အသစ်ကလေးတွေ တင်ပေးပါ့မယ်။ http://www.evyfoodlover.com/2010/10/choco-truffle.html

ချစ်စံအိမ် said...

မမရေ အီကြာကွေးနည်းလေ သိချင်လို့ တင်ပေးပါလားရှင်..

Anonymous said...

မမevyရေ
ကိတ်မုန့်ဖုတ်လိုက်တိုင်းကိတ်မဖြစ်ပဲ ဟာလ၀ါလိုချည်းဖြစ်ဖြစ်နေလို့. ..
ကျေးဇူးပြုပြီးအကြံပေးပါအုံးအမရယ်။ electric mixerမရှိတာနဲ့blenderနဲ့cake mixမွှေနည်းကိုehowမှာတွေ့လို့လိုက်လုပ်ကြည့်တာလည်းအဆင်မပြေ...whiskလုပ်တဲ့အတံလေးပဲသုံးပြီးလက်နဲ့မွှေရင်လက်တဖက်ပဲသုံးရတာလား? ကိတ်မုန့်ဖုတ်ချင်လွန်းလို့ပစ္စည်းတွေဝယ်ထားပြီးလုပ်ကြည့်တိုင်းပျက်တာအခါခါမို့ဖြေပေးပါအုံးနော်။ ကျေးဇူးပါ... .. .

Evy said...

ညီမရေ။ ကိတ်မုန့်အတွက် mixer အဆင်မပြေသေးရင်လဲ လက်နဲ့ပဲ whisk ကိုသုံးပြီ မွှေလို့ရပါတယ်။ လက်တစ်ဖက်ပဲသုံးစရာမလိုပါဘူး။
အဓိကကတော့ ထောပတ်ကိတ်ဆိုရင် သကြားနဲ့ ထောပတ်ကို ဖြူပြီးပွလာအောင် မွှေပေးရမယ်။ ဂျုံထည့်မွှေတဲ့ နေရာမှာ အရမ်းမွှေလို့ မရဘူး။
fold လုပ်ပေးရမယ်။ တစ်ခေါက်က အစ်မ ရေးဖူးတယ် ကိတ်လုပ်ရင် သတိထားသင့်တဲ့ အချက်တွေဆိုတာ။


http://www.evyfoodlover.com/2012/07/baking-principle.html

Anonymous said...

အမevyရေ
အမပြောတဲ့baking principle အတိုင်းလုပ်ကြည့်တော့မှအဆင်ပြေသွားပြီ။ fold နဲ့ mix မတူတာလဲသိသွားပြီ။ အမကျေးဇူးကြောင့်သင်တန်းတက်စရာမလိုပဲbakingလုပ်တတ်သွားလို့အမကကျွန်မရဲ့လက်ဦးဆရာဖြစ်သွားပြီ။ဒီနေ့လဲမေမေ့မွေးနေ့အတွက်cheese cake ကိုကိုယ်တိုင်ဖုတ်ပေးနိုင်ပြီ။ ကျေးဇူးအရမ်းတင်ပါတယ်။အမတို့မိသားစုကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပါစေနော်။

Jun win said...

အမရေ
မေးစရာလေးရှိလို့ပါ နွားနို့ ၅၀ မီလီမီတာ ဆိုတာ စားပွဲဇွန်း ၂ဇွန်းလား ဒါမှ မဟုတ် ဘယ်လောက် ml လည်းဆိုတာလေး ကို ပြောပြပေးပါနော်
အမကျေးဇူးနဲ့ မုန့် လုပ်တာ ပျက်တယ်မရှိ အဆင်ပြေပါတယ်
စာအုပ်လည်း ဝယ်ပို့ခိုင်းထားပါပြီ လက်ထဲ ရောက်မလာသေးလို့ပါ
စိန်ချမ်းသာပြီး ကျန်းမာပျော်ရွှင်ပါစေ

Evy said...
This comment has been removed by the author.
Evy said...

sorry ညီမ ..50ml ကိုပဲဆိုလိုတာပါ :)