Tuesday, December 11, 2012

ကြက်သားပေါက်ပေါက်ဆုပ်၊ Popcorn chicken




ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးလုပ်စားလို့ ရတဲ့ အစားအသောက်လုပ်နည်းလေးကို ရှယ်မယ်နော်။ ကြက်သားပေါက်ပေါက်ဆုပ်လို့ ဗမာလို ဘာသာပြန်ရင် ရမယ်နဲ့တူတယ်။ ဟုတ်ပါတယ် Popcorn Chicken ပါ။ ကလေးတွေကြိုက်တဲ့ အစားအသောက်တစ်မျိုးပေါ့။ အအီစာသိပ်မစားချင်တဲ့သူတွေ ကြိုက်နှစ်သက်ကြမယ့် အစားအသောက်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် sour cream နဲ့နှပ်ထားတာမို့ အသားလေးကလဲ အရမ်းကိုနူးညံ့ပါတယ်။ငရုပ်ကောင်းနံ့သင်းနေတဲ့ ဒီကြက်ကြော်ဟာ ကျွန်မအနှစ်သက်ဆုံးတွေထဲက တစ်ခုပေါ့။
လုပ်နည်းလေးကလည်း မထင်မှတ်ရလောက်အောင်လွယ်တာမို့ အားလုံးအကြိုက်တွေ့ကြမယ်ထင်ပါတယ်။


ပါဝင်ပစ္စည်းများ
  • ကြက်သား ၁၀၀ ဂရမ် (လက်တစ်ဆစ်စာလောက် ခပ်သေးသေးတုံးထားပါ)
  • ဒိန်ချဉ်(သို့) Sour cream စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုပ်ကောင်း အနည်းငယ်
  • ကြက်သားမှုန့်လက်ဖက်ရည် ဇွန်းတစ်ဝက်

ကြော်နည်း
  1. အပေါ်မှာပြထားတဲ့ ပစ္စည်းများအားလုံးကို သမအောင်ရောမွှေပြီး ၁၅ မိနစ်လောက်နှပ်ထားပါ။
  2. နောက်ဂျုံမှုန့်လူးပြီး ဆီပူပူ ( medium heat) မှာရွှေညိုအောင်သမ်းအောင်ကြော်ပါ
  3. ဆီစစ်ပြီး ငရုပ်ကောင်း၊ ဆားနဲနဲဖြူးကာသုံးဆောင်ပါ
  4. ပူပူလေးစားရင်ပိုကောင်းပါတယ်  

6 comments:

Aunty Tint said...

တီတင့်လည်းကြိုက်ပါတယ် Evy ရယ် :P
ကြက်သားပေါက်ပေါက်ဆုပ် လုပ်နည်းလေးမှတ်သွားတယ်။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

စားချင်စရာလေးသမီးရေ
အားတဲ့တစ်ရက်လုပ်စားအုံးမယ်

Anonymous said...

ကြိုက်တယ်

Anonymous said...

တီဆွိ လဲရေးဖူးတယ်။ ချစ်ကန်းပေါက်ပေါက် ဆိုပြီးတော.

Evy said...

ဟုတ်မယ် တီဆွိရေးတာတွေ့ဖူးသလိုပဲ။ လုပ်နည်းတော့ သိပ်မတူဘူးထင်တယ်

ချစ်စံအိမ် said...

လုပ်စားကြည့်အုံးမယ်မမရေကျေးဇူးတင်ပါတယ်