Friday, October 2, 2015

Chia Seed Bread





Chia Seed Bread
Whole meal bread လိုပဲ စားလို့ကောင်းလှတဲ့ Chia Seed Bread ပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

ညသိပ်ဂျုံသားအတွက်
  • ပေါင်မုန့်ဂျုံ  ၅၀ ဂရမ်
  • Yeast လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ရေ ၃၀ ဂရမ်
Yeast နဲ့ ရေ ၁၀ ဂရမ်ကို အရင် ဖျော်ထားလိုက်ပါ။ ပြီးမှကျန်တဲ့ ဂျုံနဲ့ ရေကို ထည့်ပြီး မုန့်သားရအောင် နယ်ပါ။
နောက် ပလတ်စတစ်အပါးနဲ့ ထုပ်ပြီး ရေခဲသေတ္တာထဲမှာ ၁ ညသိပ်ပေးပါ။

ပါဝင်ပစ္စည်များ
  • ပေါင်မုန့်ဂျုံ  ၂၇၀ ဂရမ်
  • သကြားအညို ၁၇ ဂရမ်
  • ဆား ၅ ဂရမ်
  • Yeast ၅ ဂရမ်
  • ညသိပ်ဂျုံသား ၆၀ ဂရမ်
  • နွားနို့ ၁၇၀ ဂရမ်
  • ပျားရည် လက်ဖက်ရည် ၁ ဇွန်း
  • ထောပတ် ၂၀ ဂရမ်
  • ပွလာအောင် နွားနို့နှင့် တစ်ညစိမ်ထားသော Chia Seed စားပွဲဇွန်း ၂ ဇွန်း

















ပေါင်မုန့်ပြုလုပ်နည်း


  1. ထောပတ်ကလွဲလို့ ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။
  2. ၁၀ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုရင်တော့ နောက်ဆုံးမှ ထောပတ်နဲ့ Chia Seed ကိုထည့်မွှေပြီး နယ်ပေးပါ
  3. Window pane test ရတဲ့အထိမွှေရပါမယ် ။ အချိန် မိနစ် ၂၀ လောက်ကြာပါတယ်။
  4. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ
  5. ၁ နာရီလောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  6. ၁၀ မိနစ်လောက် ခဏစောင့်ပြီး မှ ဂျုံသားကို  ၃ပိုင်းပိုင်းကာ တစ်ပိုင်းစီကို လက်နဲ့ဖိ၊လိပ်ပေးကာာမုန့်ဖုတ်မယ့် ဗန်းမှာ ပုံပါအတိုင်းထည့်ပေးပါ
  7. ဗန်းပြည့်လုနီးပါး ပွလာရင် အဖုံးဖုံးပေးပြီး  ၁၇၀ ဒီဂရီအာဗင်မှာ မိနစ် ၄၀ ဖုတ်ပေးပါ။
  8. အာဗင်မှ ထွက်ထွက်ခြင်း ဗန်းထဲကထုတ်ကာ wire rack ပေါ်မှာ အအေးခံပေးပါ
    လုံးဝအေးမှ လှီးပြီးသုံးဆောင်ပါ။

No comments: