Thursday, August 27, 2015

Baking Soda, Baking Powder, Yeast

တစ်လောက ကျွန်မကို မေးလာတဲ့သူတွေအတွက်ပါ...



Baking Soda, Baking Powder, Yeast ကွာခြားချက်လေးတွေပြောပြပေးပါတဲ့....

သိသလောက်ရှင်းပြရရင် Baking Soda နဲ့ Baking Powder က Chemical Leavening agent လို့ခေါ်တဲ့ ပွတက်စေသော ပစ္စည်းတွေပါ။  တကယ်တော့ မုန့်ပွတက်တယ်ဆိုတဲ့ သဘောက ဒီလိုပါ။ baking powder/ baking soda တွေဟာ အစိုဓာတ်တစ်မျိုးမျိုးဖြစ်စေ အပူဓာတ်နဲ့ဖြစ်စေ တွေ့တာနဲ့ လေပူဖောင်းအသေးလေးတွေ စတင်ထုတ်ပေးပါတယ်။ အဲဒီလေပူဖောင်းလေးတွေဟာ Oven ထဲရောက်လာတာနဲ့ အပူကြောင့်ပွတက်ပြီး မုန့်နှစ်တွေကိုပါ တစ်ပါတည်း တွန်းတင်ပေးသွားပါတယ်။ ဒါက မုန့်ပွတက်တဲ့ သဘောတရားအခြေခံပါ။

Baking Powder မှာ Sodium Bi-carbonate နဲ့ acid phosphate ပါဝင်ပါတယ်။ အက်ဆစ်နဲ့ baking soda လို့ပဲ အလွယ်ခေါ်ကြပါစို့။ ဆိုဒါနဲ့ အက်ဆစ်နဲ့ ဓာတ်ပြုမှုဖြစ်ပြီး အပေါ်ကပြောထားတဲ့ အခြေအနေမှာ မုန့်ပွတက်စေတာပါ။

Baking Soda ကျတော့ ဘာအက်ဆစ်ဓာတ်မှ မပါတဲ့အတွက် သူ့ကိုသုံးရင် ဓာတ်ပြုမှုဖြစ်စေရန်အတွက် အက်ဆစ်ဓာတ်ပါအောင် ထည့်ပေးရပါတယ်။ ဒီလိုထည့်ပေးခြင်းဖြင့် ဓာတ်ပြုမှုဖြစ်စေသလို baking soda ရဲ့ အရသာကိုလည်း လျော့စေပါတယ်။ ဆိုဒါအသုံးများရင် ဖြစ်တတ်တဲ့ အရသာကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် baking Soda ဟာ Baking Powder ထက် ၂ ဆ သို့မဟုတ် ၃ ဆလောက်ပိုပြင်းပါတယ်။  ဒါ့ကြောင့် baking Soda ကို baking powder နဲ့ အစားထိုးမယ်ဆိုရင် ၂ ဆ သို့ ၃ ဆ လောက်ထည့်ပေးရပါတယ်။



Yeast ကတော့ Biological leavening agent ပါ။ ပေါင်မုန့်လုပ်ရာမှာ သုံးပါတယ်။ Fermentation ကိုအခြေခံပြီး ပွတက်စေတာပါ။

ဒါတွေကတော့ ကျွန်မလေ့လာသိရှိသလောက်နဲ့ ကျောင်းမှာသင်ခဲ့ရသမျှတွေပါ။ တစ်ချို့ဟာတွေကို ဗမာလို အတိအကျဘာသာပြန်လို့အဆင်မပြေတာကြောင့် အင်္ဂလိပ်စာလုံးများအတိုင်းပဲထားတာကို နားလည်စေချင်ပါတယ်။

Ref : http://chemistry.about.com/od/foodchemistryfaqs/f/powdersoda.htm
http://www.sheknows.com/food-and-recipes/articles/1023435/baking-101-leavening-agents
BITC Lecture Notes.

Photos courtesy of Google image

No comments: