Sunday, October 23, 2022

Hello from Evy's Kitchen

 

 

Greetings from Evy's Kitchen...

It's been a while since my last post, back in 2018....

There were a couple of reasons that I couldn't post anything for past 4 years and I was mainly active on Facebook.

To catch up, below are the activities that I have done during those years..

I managed to publish my 3rd baking book in Sep 2018.

We officially formed Evy's Kitchen team in 2020.

Evy's Kitchen YouTube channel has been resumed.

My first online baking class was launch in July 2020.

There are a total of 12 online classes since July 2020 and the latest class was launch a month ago. Yes, we're still counting and many more to come..

My last book "Evy's Selection Recipes" were published in Dec 2021.

All the books and online classes are only in Myanmar unfortunately...

Moving forward, I will update more about the list of classes on this website for easy access (We are working on it)....and we hope to launch it soon...

So please stay tune......:)


မင်္ဂလာပါရှင်..

Evy's Kitchen မှကြိုဆိုပါတယ်..
ဒီ Website မှာအကြောင်းကြောင်းကြောင့် Updates တွေမတင်ဖြစ်တာ ၂၀၁၈ခုနှစ်ကနေဆို ၄ နှစ်ရှိခဲ့ပါပြီ

ဒီကာလအတောအတွင်းမှာ လုပ်ဖြစ်ခဲ့တာလေးတွေကတော့

စက်တင်ဘာ ၂၀၁၈ မှာ Evy's Kitchen ရဲ့ လွယ်ကူဆန်းသစ်သော မုန့်လုပ်နည်းများ အမှတ် ၃ ကို ထုတ်ဝေဖြစ်ခဲ့ပါတယ်..

မအိတို့ Evy's Kitchen Team ကိုတော့ ၂၀၂၀မှာဖွဲ့နိုင်ခဲ့ပါတယ်..

2013 ကတည်းကလုပ်ခဲ့တဲ့ YouTube Channel ကိုလည်းပြန်လည် လုပ်ဖြစ်ခဲ့ပါတယ်

ဂျုလိုင် ၂၀၂၀ မှာတော့ Evy's Kitchen ကနေစီစဉ်တဲ့ ပထမဆုံး Online Baking Class ကိုဖွင့်ခဲ့ပြီး အခုအချိန်အထိဆိုရင် သင်တန်း စုစုပေါင်း ၁၂ ခုဖွင့်ခဲ့ပြီးပါပြီ။

၂၀၂၁ဒီဇင်ဘာမှာတော့ Evy's Selection စာအုပ်ကို ထုတ်နိုင်ခဲ့ပါတယ်...

နောက်ပိုင်းမှာတော့ ဒီ website ကနေပဲ online သင်တန်းနဲ့ ပတ်သက်တာတွေကို ဆက်လက်တင်ပေးဖို့ အစီအစဉ်တွေလုပ်နေပါတယ်....သင်တန်းတွေအားလုံးကို တစုစတည်း information များများနဲ့ ကြည့်ရနိုင်ဖို့အတွက် သင်တန်းစာရင်း စာမျက်နှာကို စီစဉ်နေတာကြောင့်မို့လို့ မကြာခင်မှာပဲ ချပြနိုင်လိမ့်မယ် မျှော်လင့်ပါတယ်..

Thank you and please stay tuned....

Evy's Kitchen


Thursday, August 9, 2018

Another Milestone in 2018? Stay tune...


မုန့်လုပ်နည်းများ ၂ ပြီးတော့.........မကြာမီလာမည်...:)

Tuesday, December 20, 2016

Apricot Brownies - ရုပ်သံဖိုင်

Apricot Brownies

 

 Blog မှာ မတင်တာကြာနေလို့ ခုရက်ပိုင်းလုပ်ဖြစ်တဲ့ ရုပ်သံဖိုင်ကို ပြန်မျှဝေလိုက်ပါတယ်.


Sunday, July 17, 2016

Sweet and spicy fried chicken


ကိုရီးယားစတိုင် ချိုချိုစပ်စပ်ကြက်သားကြော်ပါ။ ထမင်းနဲ့ တွဲစားဖို့ထက် သရေစာအနေနဲ့စားဖို့ ပိုသင့်တော်ပါတယ်။ Party food လို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြက်ကြော်ရန်အတွက်)

  • ·         ကြက်တောင်ပံ ၅၀၀ ဂရမ်
  • ·         ပြောင်းကော်မှုန့် စားပွဲဇွန်း ၅ ဇွန်းခန့်
  • ·         ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ကြက်သွန်ဖြူ ၁ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ·         ငရုပ်သီးမှုန့် လက်ဖက်ရည် ဇွန်း တစ်ဝက်ခန့်
  • ·         Cooking ခရင်မ်စားပွဲဇွန်း ၁ ဇွန်းခန့် (မထည့်လည်းရပါတယ်)



ပါဝင်ပစ္စည်းများ (ဆော့စ်အတွက်)

  • ·         ငရုပ်ကြမ်းမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ·         ပဲငံပျာရည် စားပွဲဇွန်း ၃ ဇွန်းခန့်
  • ·         သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ·         Corn Syrup စားပွဲဇွန်း ၄ ဇွန်း
  • ·         ကြက်သွန်ဖြူ ၃ မွှာ နုတ်နုတ်စဉ်းပါ



ချက်နည်း

  • ·         ကြက်သားကိုရေဆေး စစ်ထားပြီး ပါဝင်ပစ္စည်းများအားလုံးနဲ့ နယ်ကာ ၁ နာရီခန့်နှပ်ပါ။
 

·          
  • ဆီများများကို အပူပေးကာ မီးအလယ်အလတ်ဖြင့် ကြက်သားများကို ကြွ့ပ်လာစေရန် ၁၅ မိနစ်ခန့်ကြော်ပါ။


  • ·         ကြော်ပြီးဆီစစ်ထားပေးပါ။
 
  • ·         ဆော့အတွက် ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးကာ ကြက်သွန်ဖြူ ငရုပ်သီးကိုဆီသတ်ပါ
  • ·         ၁ မိနစ်ခန့်ကြာလျှင် ဆော့အတွက် ကျန်နေသော ပါဝင်ပစ္စည်းများအားလုံးကိုထည့်မွှေပါ။
  • ·         ဆူပြီး အမြုပ်ထလာရင် ပိတ်လိုက်လို့ရပါပြီ။
  • ·         ပြီးရင် ကြော်ထားတဲ့ ကြက်သားများကိုရောမွှေကာ ဆော့စ်များ သမအောင် လူးပေးပြီးရင် သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။
 

Monday, May 30, 2016

Shortbread




ဒီမုန့်ကို အိမ်မှာလုပ်ကြည့်ပြီးရင်တော့ အပြင်က ဘီစကစ်မုန့်တွေ ၀ယ်စားချင်တော့မယ် မထင်ပါဘူး။ အဲလောက်တောင် အရသာရှိပြီး လွယ်ကူတဲ့ မုန့်ပါ။

ပါဝင်ပစ္စည်းများ
  • ဂျုံ- ၁၅၀ ဂရမ်
  • ဆန်မှုန့် - ၆၅ ဂရမ်
  • Baking Powder - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ဆား - ပါရုံမျှ
  • ထောပတ်- ၁၅၀ ဂရမ်
  • သကြား-  ၁၀၀ ဂရမ်
လုပ်နည်း
  1. ပထမဆုံး ဂျုံမှုန့်၊ ဆန်မှုန့်နဲ့ baking powder ကို စကာချထားပါ။
  2. သကြားနဲ့ ထောပတ်ကို ပွလာအောင်ခေါက်ပါ။
  3. ဂျုံအရောကို သမအောင် ထည့်မွှေပါ
  4. ထောပတ်သုတ်ထားသော ၈လက်မဗန်းထဲကို မွှေထားတဲ့ မုန့်နှစ်များကိုလောင်းချပေးပါ။ မုန့်သားကခပ်သိပ်သိပ်ကျစ်ကျစ်ပါပဲ။
  5. ပိုသိပ်သွားအောင် လက်ဖြင့်အသာအယာဖိပါ။
  6. ပုံပါအတိုင်းခက်ရင်းဖြင့်ဖောက်ကာ အရာများပေးပြီး ၁၆၀ ဒီဂရီ oven မှာ မိနစ် ၅၀ လောက်ဖုတ်ပေးပါ။ 
 
  1. အာဗန်ထဲမှထုတ်ထုတ်ခြင်း ပေးထားသောအရာအတိုင်းပြတ်အောင် လှီးဖြတ်ပြီးမှ အအေးခံပါ။
 
  1. အအေးခံပြီးရင်တော့ အရသာကောင်းတဲ့ Shortbread များအသင့်ဖြစ်ပါပြီ။

Sunday, May 1, 2016

Strawberry Buns


စတော်ဘယ်ရီအရသာနဲ့ ပေါင်မုန့်အချို အရသာ ၂ မျိုးပေါင်းထားပြီး လိုက်ဖက်လွန်းတာကြောင့် ကော်ဖီချိန်အတွက် သင့်တော်ပါတယယ်။
ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၁၀ ခုစာ)

အစု (၁)
• ပေါင်မုန့်ဂျုံ ၂၃၀ ဂရမ်
• Yeast ၅ ဂရမ်
• ရေ ၁၇၀ မီလီလီတာ
 

အစု (၂)
• ကြက်ဥ ၂၀ ဂရမ် (ခေါက်ပြီးသား)
• သကြား ၆၀ ဂရမ်
• ဆား ပါရုံမျှ
• ရေအေး ၂၅ ဂရမ်
• Yeast ၂.၅ ဂရမ်


အစု (၃)
• ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
• ပေါင်မုန့်ဂျုံ ၁၀၀ ဂရမ်
စတော်ဘယ်ရီ Topping
• ခပ်ပါးပါးလှီးထားသော စတော်ဘယ်ရီသီး အနည်းငယ်
• Bread crumb အနည်းငယ်
• Icing sugar ကိုရေနဲနဲနဲ့ ခပ်ပျစ်ပျစ်ကလေး ရအောင်ဖျော်ထားပါ။


ပြုလုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ် ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
နောက် ၁၀ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်းအ၀ိုင်းများ ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။

မုန့်ဖုတ်ကာနီးမှ အလယ်ကို ချိုင့်ခွက်လေးများဖြစ်အောင် လက်ဖြင့်ဖိချကာ စတော်ဘယ်ရီသီးများတင်ပါ။
နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး bread crumb ဖြူးကာ ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။


လုံးဝအေးသွားမှ icing sugar အရည် ဆမ်းပေးပါ။
ဆိုင်ကရောင်းတာထက်ပိုပြီး လတ်ဆတ်တဲ့ အိမ်လုပ်ပေါင်မုန့်လေး အသင့်ဖြစ်ပါပြီ

** Bread design adapted from Tablefor2ormore. 

မုန့်လုပ်နည်းအဆင့်ဆင့်အတွက်

https://www.facebook.com/evyktichen/posts/962171263832176

Wednesday, April 27, 2016

Pull Apart Wholemeal Buns




ဒါလေးတွေကတော့ ဂျုံကြမ်းနဲ့လုပ်ထားတဲ့ pull apart buns လို့ခေါ်တဲ့ ပေါင်မုန့်လေးတွေပါ။
မုန့်ပေါ်မှာ ကြောင်ရုပ်ကလေးတွေပုံဆွဲထားတာကြောင့် ခလေးတွေ ကြိုက်ကြမယ့် မုန့်တစ်မျိုးဆိုရင်လည်းမမှားပါဘူး။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၁၀ ခုစာ)
အစု (၁)
  • ပေါင်မုန့်ဂျုံ ၁၈၀ ဂရမ်
  • ဂျုံကြမ်း ( wholemeal flour)  ၅၀ ဂရမ်
  • Yeast  ၅ ဂရမ်
  • ရေ ၁၇၀ မီလီလီတာ
အစု (၂)
  • ကြက်ဥ ၂၀ ဂရမ် (ခေါက်ပြီးသား)
  • သကြား ၆၀ ဂရမ်
  • ဆား ပါရုံမျှ
  • ရေအေး ၂၅ ဂရမ်
  • Yeast  ၂.၅ ဂရမ်

အစု (၃)
  • ထောပတ် ၃၀ ဂရမ် (အခန်းအပူချိန်)
  • ပေါင်မုန့်ဂျုံ ၄၀ ဂရမ်
  • ဂျုံကြမ်း ( wholemeal flour)  ၆၀ ဂရမ်



ပြုလုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ
နောက် ၁၀ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်းအ၀ိုင်းများ ပုံသွင်းပြီး လေးထောင့်ဗန်းတွင် စီကာ ပွလာအောင် မိနစ် ၄၀ထားပေးပါ။ 


၉ခုကိုပဲ အ၀ိုင်းပုံသွင်းကာ ကျန်တစ်ပိုင်းဖြင့် ကြောင်နားရွက်အတွက် အလုံးသေးများ ၁၈ခုလုံးကာ ပေါင်များပေါ်တွင်တင်ပါ။
မုန့်သား ၂ ဆပွလာလျှင် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ၁၈၀ ဒီဂရီအာဗင်မှာ ၂၅ - ၃၀ မိနစ်ခန့်ဖုတ်ပေးပါ။

လုံးဝအေးလျှင် ချောကလက်ရည်ကိုသုံးကာ ကြောင်မျက်နှာပုံဖော်ပါ။
ချစ်စရာကောင်းသော ကြောင်ပုံပေါင်မုန့်များ အသင့်ဖြစ်ပါပြီ။