Tuesday, February 25, 2014

ကန်ဇွန်းရွက် ဆီချက်






ထူးထူးဆန်းဆန်းဆီချက် နောက်တစ်မျိုးက ကန်ဇွန်းရွက်ဆီချက်ပါ။ ကန်ဇွန်းရွက်သပ်သပ် ကို ဆီချက်ခေါက်ဆွဲအတိုင်း လုပ်ထားတာပါ။ ဒီနည်းကိုတော့ သူငယ်ချင်းဆီက ရလာတာပါ။ သူကပြောပြတဲ့ အတိုင်းကိုယ်ကလိုက်ချက်ထားတဲ့ ဆီချက်တစ်ပွဲပါ။ ဟင်းရွက်အရသာ၊ အသားအရသာပေါင်းစပ်ထားပြီး အင်မတန်စားလို့ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ
ကြက်သား (သို့) ၀က်သား  - ၂၀၀ ဂရမ်
ကြက်သွန်မိတ်လှီးပြီးသား အနည်းငယ်
ပဲငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
ဆားလက်ဖက်ရည် ဇွန်း တစ်ဝက်
နှမ်းဆီ လက်ဖက်ရည်၁ ဇွန်း
ကန်ဇွန်းရွက်တစ်စည်း ( ၃၀၀ ဂ၇မ်ခန့်) - ခြွေထားပါ
ကြက်သွန်ဖြူ
ဆီ

ဆော့စ်

ပဲငံပျာရည်အကြည်စားပွဲဇွန်း ၂ ဇွန်း
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း
ဦးစွာ ကြက်သွန်ဖြူများကို မညက်တညက်ထောင်းကာ ဆနွင်းမထည့်ပဲ ဆီသတ်ထားပါ
အသားကို ပဲငံပျာရည်၊ ဆားနှင့် နာရီဝက်ခန့်နှပ်ထားပြီးမှ နှမ်းဆီဆမ်းကာ ရေခမ်းပြုပ်ထားပါ
ပြုပ်ပြီးသးအသားကို ခပ်သေးသေးလှီးထားပါ
ကန်ဇွန်းရွက်များကို ရေဆူဆူမှာ ၃ မိနစ်ခန့်ပြုပ်ကာ ရေအေးနှင့်ပြန်ဆေးထားပါ
ထို့နောက် ဆော့စ်ထည့်ကာ သမအောင်မွှေပါ
သေးသေးလှီးထားသော ကြက်သား၊ ကြက်သွန်မိတ် နှင့် ဆီချက်များ ဆမ်းကာ သုံးဆောင်နိုင်ပါပြီ

2 comments:

Aunty Tint said...

ထူးထူးဆန်းဆန်းဆီချက်လေးမို့ စမ်းပြီးလုပ်စားမယ် Evy ရေ.. လုပ်ရလဲလွယ်သားနော်။

မေတ္တာဖြင့်
တီတင့်

Anonymous said...

Hi Sister,

May I know your microwave oven model & capacity? cuz i want to buy one but i'm not sure which brand is better.

thanks.