မနက်စာအတွက်
အဆင်ပြေလှတဲ့ ကောက်ညှင်းကြော်တစ်ပွဲပါ။ ကြက်အူချောင်း၊ မှိုနဲ့
ပုစွန်ခြောက်များပါဝင်ပြီး ရေနွေးကြမ်းလေးနဲ့ သုံးဆောင်ရင်လိုက်ဖက်လှပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်း ၂၅၀ ဂရမ်
- ရေ
- ပုစွန်ခြောက် အနည်းငယ်
- ကြွက်နားရွက်မှို အနည်းငယ်
- ကြက်အူချောင်းတစ်ချောင်း
- ကြက်သွန်နီ ဥသေး ၂ ဥခန့် (ခပ်ကြီးကြီးစိတ်ထားပါ
- ကြက်သွန်မိတ်အနည်းငယ်
ပြုလုပ်နည်း
ကောက်ညှင်းကို
တစ်ည ရေစိမ်ထားပါ
ကြက်သွန်ကို
ဆီသတ်ကာ ပုစွန်ခြောက်၊ မှို နဲ့ ကြက်အူချောင်းထည့်ကြော်ပါ
နှမ်းဆီအနည်းငယ်ကိုလည်း
ထည့်ပေးပါ
ထို့နောက်ကောက်ညှင်းများကို
ထည့်မွှေပါ။
ခရုဆီ
စားပွဲဇွန်း တစ်ဝက်၊ ငရုပ်ကောင်းအနည်းငယ်၊ ကြာညို့ လက်ဖက်ရည် ၁ ဇွန်း ပဲငံပျာရည်
စားပွဲဇွန်းတစ်ဝက်၊ သကြားလက်ဖက်ရည် ဇွန်းတစ်ဝက် ထည့်ရေမြုပ်အောင်ထည့်ကာတည်ပါ။
ရေခမ်းပြီး
ကောက်ညှင်းများပျော့လာရင် ကြက်သွန်မိတ်ဖြူးကာ သုံးဆောင်ပါ။
1 comment:
ထူးထူးခြားခြား ကောက်ညှင်းကြော်လေးပါလားEvy ရေ... လွယ်ကူစားကောင်းမယ့်ပုံလေး လုပ်စားကြည့်မယ် ...
Post a Comment