Sunday, July 11, 2010

Sugar Almond Puff

Nope, the puff pastry is not home made. I bought myself a packet of ready made puff pastry last a few days ago and I could manage to turn them into delicious sugar almond puffs for our breakfast today.

In fact, I was thinking of making puff pastry quite sometime ago,however, I just dropped my idea due to its lengthy and tedious procedures. I knew home made stuffs are still the best,but being lazy me, I chose store bought ready made pastry to fulfil my wish of making some puffs.

The idea of making crispy almond puff is adapted from
Ancoo's hobby. It is extremely easy to made. Just roll out the pastry into 1cm thick square. Cut them into small pieces. Brush with beaten egg. Sprinkle some almond meal and sugar on top and bake in 180 degree C oven for 13 mins. How easy! Save my time/energy and yet delicious :-).



Friday, July 9, 2010

Butter Milk Scones

တနေ့ည ၉ နာရီလောက်မှာ မုန့်လုပ်စားချင်တဲ့ စိတ်ပေါ်လာတာနဲ့ မြန်ပြီးလုပ်ရလွယ်တဲ့ scones လေးတွေလုပ်စားဖြစ်ပါတယ်။ တစ်ခါတစ်လေဒီလိုပါဘဲ စိတ်ကူးပေါက်ရင်ပေါက်သလို ည၁၀နာရီလောက်မှာမှ မုန့်ထလုပ်ဖြစ်တာတွေလည်းရှိပါတယ်။ မုန့်လုပ်တာက လည်း mood ၀င်မှ လုပ်လို့ကောင်းတာမဟုတ်လား။ မယုံမရှိပါနဲ့။ သူလည်းစာကျက်သလိုပါဘဲ။ ကဲပါလေ အဲဒါနဲ့ဘဲ မုန့်လုပ်စားဖြစ်တယ်ဆိုပါတော့။ ၁နာရီအတွင်းမှာပဲ မုန့်လုပ်ပြီးသွားပါတယ်။ အမှန်မှာ oven ကြီးကြီးသာဆိုရင် အဲလောက်တောင်မကြာပါဘူး။ အိမ်က oven ကသေးတော့ ၃ခါ ခွဲလုပ်နေရလို့ ကြာသွားတာပါ။ ဘာပဲဖြစ်ဖြစ် မုန့်ဖုတ်ပြီးသွားရင်တော့ ပျော်တာတော့ အမှန်ပါဘဲ။

Ingredients
  • Cake Flour - 200g
  • Baking Powder- 2 teaspoons
  • a pinch of salt
  • Castor Sugar - 2 1/2 tea spoon
  • Milk -100ml
  • Butter - 50g

လုပ်နည်း
  1. ဂျုံ/ပွဆေး/ဆားကို ဇကာ စစ်ထားပါ။
  2. ထောပတ်ကို လေးထောင့် အတုံးသေးသေးလေးတွေတုံးပြီး ခုနက ဂျုံအရောထဲကို ထည့်ပေးပါ။ ထောပတ်က အေးရပါမယ်။ ပြီးရင် ခက်ရင်းလေးနဲ့ ဂျုံနဲ့ ထောပတ်ခဲလေးတွေရော ပြီး အဖတ်အဖတ်လေးတွေဖြစ်လာတဲ့ အထိ သမအောင် မွှေပေးပါ။ ထောပတ်ပျော်လို့မရပါ။ ပျော်ခါနီးဆိုရင် ရေခဲသေတ္တာ ထဲကို ၅ မိနစ်လောက်ပြန်ထည့်ပြီး မှ ဆက်မွှေပါ။
  3. ပြီးရင် နို့ထည်ပြီး သမအောင်မွှေပေးပါ။ ဂျုံကို ခဏတော့ နယ်ပေးရပါမယ်။ အရမ်းတော့ မကြာပါစေနဲ့ ။ ကြာရင်မာသွားပါလိမ့်မယ်။ 30sec လောက်ဆိုရပါပြီ။ ရိုးရိုး ဂျုံမှုန့်ဆိုရင်တော့ 10sec လောက်ပဲနယ်ပေးပါ။
  4. ပြီးရင် cutter နဲ့ဖြတ် ပြီး ၁၉၀ ဒီဂရီ မှာ ၁၃-၁၅ မိနစ်လောက်အထိဖုတ်ပေး ရင်ရပါပြီ။

ထောပတ် နဲ့ ဂျုံအရော မနယ်ခင်
0ven ထဲမထည့်ခင်
စားဖို့အသင့်ဖြစ်ပါပြီ။

Saturday, July 3, 2010

Century Egg Salad (ဆေးဘဲဥသုပ်)

ဆေးဘဲဥသုပ်၊ ကိုယ်တိုင်သုပ်တဲ့လက်ရာတော့ မဟုတ်ပါ။ ယောင်းမ လက်စွမ်းပြထားတာပါ။ ဂျင်းနဲနဲ နဲ့ ကြက်သွန်ဖြူကိုထောင်းထည့်ထားတာမို့ အနံလေးလည်မွှေးပါတယ်။ ကိုယ့်ဘာသာကို သုပ်တဲ့ ဆေးဘဲဥဆို မလှမပနဲ့ မို့လို့ blog ထဲမှာလည်းမတင်ဖြစ်ပါ။ ခုတော့ decoration ကလည်း လှ အရသာလေးလည်း ကောင်းတာမို့ share လုပ်လိုက်ပါတယ်။

-ဆေးဘဲဥ ၃လုံး (ခပ်ကြီးကြီးလေးစိပ်ထားပါ)
-ဂျင်းနဲ့ ကြက်သွန်ဖြူနဲနဲ ကိုညက်နေအောင်ထောင်းထား
-ခရမ်းချဉ်သီး တစ်လုံး (ခပ်ပါးပါး အ၀ိုင်းလှီးထားပါ)
-ပဲငံပျာရည် အကြည်
-မြေပဲထောင်း အနည်းငယ်
-ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်းတစ်ဇွန်းခန့်

ပြင်နည်း။
-ပန်းကန်ထဲမှာ ဆလပ်ရွက်တွေကိုဖြန့်ခင်းထားပါ
-ပြီးရင် ခရမ်းချဉ်သီးလှီးထားတာလေးတွေဖြန့်ခင်း
-ဆေးဘဲဥ၊ မြေပဲထောင်း၊ ဆီကျက် ထည့်။ ပဲငံပျာရည် အကြည်ထည့်ပြီးရင် နယ်စားဖို့ အသင့်ဖြစ်ပါပြီ။