Ingredients
- Cake Flour - 200g
- Baking Powder- 2 teaspoons
- a pinch of salt
- Castor Sugar - 2 1/2 tea spoon
- Milk -100ml
- Butter - 50g
လုပ်နည်း
- ဂျုံ/ပွဆေး/ဆားကို ဇကာ စစ်ထားပါ။
- ထောပတ်ကို လေးထောင့် အတုံးသေးသေးလေးတွေတုံးပြီး ခုနက ဂျုံအရောထဲကို ထည့်ပေးပါ။ ထောပတ်က အေးရပါမယ်။ ပြီးရင် ခက်ရင်းလေးနဲ့ ဂျုံနဲ့ ထောပတ်ခဲလေးတွေရော ပြီး အဖတ်အဖတ်လေးတွေဖြစ်လာတဲ့ အထိ သမအောင် မွှေပေးပါ။ ထောပတ်ပျော်လို့မရပါ။ ပျော်ခါနီးဆိုရင် ရေခဲသေတ္တာ ထဲကို ၅ မိနစ်လောက်ပြန်ထည့်ပြီး မှ ဆက်မွှေပါ။
- ပြီးရင် နို့ထည်ပြီး သမအောင်မွှေပေးပါ။ ဂျုံကို ခဏတော့ နယ်ပေးရပါမယ်။ အရမ်းတော့ မကြာပါစေနဲ့ ။ ကြာရင်မာသွားပါလိမ့်မယ်။ 30sec လောက်ဆိုရပါပြီ။ ရိုးရိုး ဂျုံမှုန့်ဆိုရင်တော့ 10sec လောက်ပဲနယ်ပေးပါ။
- ပြီးရင် cutter နဲ့ဖြတ် ပြီး ၁၉၀ ဒီဂရီ မှာ ၁၃-၁၅ မိနစ်လောက်အထိဖုတ်ပေး ရင်ရပါပြီ။
No comments:
Post a Comment