Thursday, January 9, 2014

Almond Flake Puff




Puff pastry ကိုသုံးပြီး ဖန်တီးနိုင်တဲ့ နောက်မုန့်တစ်မျိုးကတော့ Almond Flake Puffy ပါ။ သကြား၊ မက်မွန်စေ့အချပ်ကို အသုံးပြုပြီး လုပ်ထားတဲ့ လက်ဖက်ရည်ချိန်မုန့်လေးတစ်မျိုးပါပဲ။

ပါဝင်ပစ္စည်းများ

  • အသင့်သုံး puff pastry (၈လက်မ x ၈လက်မ) တစ်ချပ်
  • သကြား စားပွဲဇွန်း ၄ ဇွန်းခန့်
  • ကြက်ဥအကာ ခေါက်ပြီးသား အနည်းငယ်
  • မက်မွန်စေ့ အချပ်အနည်းငယ်


ပြုလုပ်နည်း

  • Puff pastry အလျား၂လက်မ အနံ၁လက်မခန့်လေးထောင့် အကွက်လေးများရအောင် ဖြတ်ပေးပါ။
  • ထို့နောက် ကြက်ဥအကာရည်သုတ်လိမ်းကာ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဖြူးပေးပါ။
  • Puff pastry အချပ်နောက်တစ်ချပ် ထပ်အုပ်ပေးပါ။
  • ကြက်ဥရည်နောက်တစ်ထပ်သုတ်ကာ သကြားဖြူးပါ။ Almond အချပ်များကိုလည်း ဖြူးပေးပါ
  • ထို့နောက် ၁၅၀ ဒီဂရီ အပူပေးထားသော oven တွင် မိနစ်၃၀ခန့်ဖုတ်ပေးရင် ရပါပြီ

Tuesday, January 7, 2014

Mini Japanese biscuit





ဒီတစ်ခါတော့ puff pastry လို့ခေါ်တဲ့ အသင့်သုံး ဂျုံပြားတွေကို သုံးကာမုန့်လုပ်နိုင်မယ့် နည်းလမ်းလေးများ ပြောပြပေးချင်ပါတယ်။ puff pastry ဆိုတာက ဆိုင်တွေမှာရောင်းတဲ့ ကြက်သား puff/ ဆိတ်သား puff အစရှိသဖြင့် puff တွေလုပ်တဲ့ အခါမှာ သုံးတဲ့ အလွှာများစွာပါသော ဂျုံသားကိုခေါ်တာပါ။ ဒီဂျုံသားကို တခြားမုန့်တွေအဖြစ်အလွယ်တကူ ဖန်တီးနိုင်နဲ့ နည်းလမ်းလေးများကို မျှဝေပေးချင်ပါတယ်။

ဒီမုန့်ကတော့ Japanese biscuit လို့ခေါ်ကြပြီး ကြွပ်ကြွပ်ရွရွနဲ့ ချိုတဲ့အရသာရှိပါတယ်။ ခါဂျာမုန့်နဲ့ ခပ်ဆင်ဆင်တူမယ်ထင်ပါတယ်။ ပုံမှန်ရောင်းတဲ့ ဆိုဒ်ကတော့ ခပ်ကြီးကြီးပါ။ ကျွန်မကတော့ ကိုင်တွယ်ရလွယ်ကူစေဖို့ အသေးလေးတွေလုပ်တာကြောင့် Mini Japanese Biscuit လို့ နာမည်ပေးလိုက်တာပါ။

ပါဝင်ပစ္စည်းများ

  • အသင့်သုံး puff pastry (၈လက်မ x ၈လက်မ) တစ်ချပ်
  • သကြား စားပွဲဇွန်း ၄ ဇွန်းခန့်





ပြုလုပ်နည်း
  • Puff pastry ကိုအလိပ်ကလေးဖြစ်အောင် လိပ်ပေးပြီး ၁ လက်မအတုံးလေးများရအောင် ဖြတ်လိုက်ပါ။
  • နောက် သကြားများဖြင့်ပုံပါအတိုင်းကပ်ပေးပါ။ သကြားများများဝင်စေရန် ၂ ခါခန့် ကပ်ပေးပါ
  • ရလာသော မုန့်တုံးကလေးများအား ဒလိမ့်တုံးဖြင့် လှိမ့်ကာပြားပေးပါ။
  • ထို့နောက် ၁၇၀ ဒီဂရီ အပူပေးထားသော oven တွင် မိနစ်၃၀ခန့်ဖုတ်ပေးရင် ရပါပြီ

Friday, January 3, 2014

Almond Tart (မက်မွန်သီးစေ့မုန့်)



အားလုံးမင်္ဂလာနှစ်သစ်ပါနော်။ နှစ်သစ်မှာ စားလို့ကောင်းလှတဲ့ မုန့်လုပ်နည်း တစ်မျိုးကိုပထမဆုံးအနေနဲ့ မျှဝေပေးချင်ပါတယ်။

မုန့်ကတော့ Almond Tart ပါ။ နာမည်အတိုင်းပဲ Almond  အစေ့ကရလာတဲ့အမှုန့်ကို အဓိကထားပြီး အသုံးပြုထားတာပါ။ ဒါ့အပြင် Almond အချပ်ကလေးတွေပါဖြူးထားတာကြောင့် စားလိုက်ရင် ကြွပ်ကြွပ်ကလေးနဲ့ ဆိမ့်သောအရသာကို ရရှိစေပါတယ်။

အချင်း ၇ လက်မရှိသော ဗန်းတစ်ခုစာအတွက်။

မုန့်အောက်ခံအတွက်
  • သကြား ၃၀ ဂရမ်
  • ထောပတ် ၄၀ ဂရမ်
  • ကြက်ဥခေါက်ထားသော အရည် စားပွဲဇွန်း ၁ဇွန်း
  • ဂျုံ ၉၀ ဂရမ်
  • Almond meal၂၀ ဂရမ် ( အဲဒါကို အလွယ်တကူရှာမရဘူးဆိုရင် ဆိုင်တွေမှာရောင်းတဲ့ လှော်ပြီးသား almond အစေ့ကိုဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထောင်းပြီးသုံးနိုင်ပါတယ်၊ )

မုန့်အောက်ခံလုပ်နည်း
  1. ဂျုံ၊သကြား နှင့် Almond meal ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
  2. ထို့နောက်ကြက်ဥထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
  3. ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
  4. နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။



မုန့်သားအတွက်
  • သကြား ၁၀၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ်
  • ဂျုံ ၂၀ ဂရမ်
  • Almond meal ၁၆၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၂လုံး
  • Almond Flake အနည်းငယ်



မုန့်သားပြင်နည်း

·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ခေါက်ထားတဲ့ကြက်ဥကိုလည်းထည့်မွှေပေးပါ။
·         ပြီးရင် ခုနက ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာဖြည့်ပြီး Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၄၀ခန့်ဖုတ်ပေးရင်ရပါပြီ။