Friday, January 3, 2014

Almond Tart (မက်မွန်သီးစေ့မုန့်)



အားလုံးမင်္ဂလာနှစ်သစ်ပါနော်။ နှစ်သစ်မှာ စားလို့ကောင်းလှတဲ့ မုန့်လုပ်နည်း တစ်မျိုးကိုပထမဆုံးအနေနဲ့ မျှဝေပေးချင်ပါတယ်။

မုန့်ကတော့ Almond Tart ပါ။ နာမည်အတိုင်းပဲ Almond  အစေ့ကရလာတဲ့အမှုန့်ကို အဓိကထားပြီး အသုံးပြုထားတာပါ။ ဒါ့အပြင် Almond အချပ်ကလေးတွေပါဖြူးထားတာကြောင့် စားလိုက်ရင် ကြွပ်ကြွပ်ကလေးနဲ့ ဆိမ့်သောအရသာကို ရရှိစေပါတယ်။

အချင်း ၇ လက်မရှိသော ဗန်းတစ်ခုစာအတွက်။

မုန့်အောက်ခံအတွက်
  • သကြား ၃၀ ဂရမ်
  • ထောပတ် ၄၀ ဂရမ်
  • ကြက်ဥခေါက်ထားသော အရည် စားပွဲဇွန်း ၁ဇွန်း
  • ဂျုံ ၉၀ ဂရမ်
  • Almond meal၂၀ ဂရမ် ( အဲဒါကို အလွယ်တကူရှာမရဘူးဆိုရင် ဆိုင်တွေမှာရောင်းတဲ့ လှော်ပြီးသား almond အစေ့ကိုဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထောင်းပြီးသုံးနိုင်ပါတယ်၊ )

မုန့်အောက်ခံလုပ်နည်း
  1. ဂျုံ၊သကြား နှင့် Almond meal ကိုရောမွှေကာ ထောပတ်ကို ထည့်ပေးပြီးခပ်မွမွအသားရသည်အထိ ခက်ရင်းဖြင့်ရောမွှေပါ
  2. ထို့နောက်ကြက်ဥထည့်ကာ ဂျုံလုံးရသည်အထိနယ်ပါ။
  3. ဂျုံသားရလာလျှင် ပလတ်စတ်အိတ်နှင့် ထုတ်ကာရေခဲသေတ္တာထဲတွင် မိနစ် ၂၀ ခန့်ထည့်ပါ။
  4. နောက် ဂျုံလုံးကို ဒလိမ့်တုန်းနဲ့လှိမ့်ပြား ပြီး ဖုတ်မယ့်ဗန်း ထဲမှာထည့်။ ခက်ရင်းလေးတွေနဲ့ ထိုးပေးပြီး ၁၈၀ ဒီဂရီ oven မှာ ၁၂ မိနစ်လောက်ဖုတ်ပေးပါ။ပြီးရင်oven ထဲကထုတ်ပြီး အအေးခံထားပေးပါ။



မုန့်သားအတွက်
  • သကြား ၁၀၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ်
  • ဂျုံ ၂၀ ဂရမ်
  • Almond meal ၁၆၀ ဂရမ်
  • ခေါက်ထားသော ကြက်ဥ ၂လုံး
  • Almond Flake အနည်းငယ်



မုန့်သားပြင်နည်း

·         ပထမဆုံး သကြားနဲ့ ထောပတ်ကိုပွလာအောင် ခေါက်ထားပါ။
·         ဂျုံနဲ့ almond အမှုန့်ကိုထည့်မွှေပေးပါ။
·         ခေါက်ထားတဲ့ကြက်ဥကိုလည်းထည့်မွှေပေးပါ။
·         ပြီးရင် ခုနက ဖုတ်ပြီးသား မုန့်အောက်ခံ ပေါ်မှာဖြည့်ပြီး Almond flake ဖြူးကာ ၁၇၀ degree oven မှာ မိနစ်၄၀ခန့်ဖုတ်ပေးရင်ရပါပြီ။


No comments: