Thursday, January 9, 2014

Almond Flake Puff




Puff pastry ကိုသုံးပြီး ဖန်တီးနိုင်တဲ့ နောက်မုန့်တစ်မျိုးကတော့ Almond Flake Puffy ပါ။ သကြား၊ မက်မွန်စေ့အချပ်ကို အသုံးပြုပြီး လုပ်ထားတဲ့ လက်ဖက်ရည်ချိန်မုန့်လေးတစ်မျိုးပါပဲ။

ပါဝင်ပစ္စည်းများ

  • အသင့်သုံး puff pastry (၈လက်မ x ၈လက်မ) တစ်ချပ်
  • သကြား စားပွဲဇွန်း ၄ ဇွန်းခန့်
  • ကြက်ဥအကာ ခေါက်ပြီးသား အနည်းငယ်
  • မက်မွန်စေ့ အချပ်အနည်းငယ်


ပြုလုပ်နည်း

  • Puff pastry အလျား၂လက်မ အနံ၁လက်မခန့်လေးထောင့် အကွက်လေးများရအောင် ဖြတ်ပေးပါ။
  • ထို့နောက် ကြက်ဥအကာရည်သုတ်လိမ်းကာ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဖြူးပေးပါ။
  • Puff pastry အချပ်နောက်တစ်ချပ် ထပ်အုပ်ပေးပါ။
  • ကြက်ဥရည်နောက်တစ်ထပ်သုတ်ကာ သကြားဖြူးပါ။ Almond အချပ်များကိုလည်း ဖြူးပေးပါ
  • ထို့နောက် ၁၅၀ ဒီဂရီ အပူပေးထားသော oven တွင် မိနစ်၃၀ခန့်ဖုတ်ပေးရင် ရပါပြီ

3 comments:

Unknown said...

ဒီမုန့်လေးလုပ်စားချင်တယ်မြန်မာမှာpuff pastryဘယ်မှာဝယ်လို့ ရလဲ

Evy said...

You might find it in the Market Place.

suyi nandar said...

အမ Puff pastry အထုပ်​ ပုံ​လေး ပြပါလားဟင်