Monday, June 14, 2010

ကြက်သားပေါင်း (သို့) Chicken Shumai


ကြက်သားပေါင်း။ ၀တ်ရည် ရဲ့ နည်းလေးပါ။ Orignal recipe က ဒီမှာပါ ။ ဒီ Siew Mai ကိုစားချင်နေတာကြာပါပြီ။ မနေ့ကမှ လုပ်စားဖြစ်သွားတာပါ။ လုပ်စားတဲ့ အချိန်ကိုလည်း ကြည့်ကြပါဦး။ ည ၈:၃၀ မှစလုပ်တာပါ။ ၉ နာရီကျော်ကျော်မှာ ပြီးသွားပါတယ်။ မရှိရှိတာနဲ့ လုပ်မယ် ဆိုပြီးလုပ်လိုက်တာ ပုဇွန်လည်းမပါပါဘူး။ ကော်မှုန့်လည်း ထည့်ဖို့မေ့သွားပါတယ်။ ကြက်သွန်မိတ်ကလည်း မရှိ၊ ကြည့်လိုက်တော့ ကျုဆိုင် ရှိနေတာနဲ့ အစားထိုးလိုက်ပါတယ်။

အရသာက မဆိုးပေမယ့် သိပ်တော့ အကြိုက်ကြီးမဟုတ်။ ဆိုင်ကလိုမျိုး ပျော့ပျော့လေးမနေပါ။ ၀တ်ရည် ရဲ့ နည်းကကောင်းမှာပါ။ ကိုယ့်ဘာသာ ပစ္စည်း အစုံအလင် မရှိတာက တစ်ကြောင်း ၊ ဟိုဟာမေ့ ဒီဟာမေ့တာက တစ်ကြောင်းနဲ့ အရသာက သူ့မူရင်းလောက် မကောင်းတော့တာနေမှာပါ။ ဘာပဲ ဖြစ်ဖြစ် စားချင်တာစားလိုက်ရလို့ ကျေနပ်သွားပါတယ်။ နောက်တစ်ခါ ပစ္စည်းစုံအောင် ၀ယ်ထားပြီး ထပ်လုပ်ပါဦးမယ်။ ဘာပဲ ဖြစ်ဖြစ် recipe share ပေးတဲ့ ၀တ်ရည်ကို ကျေးဇူးအထူး။


ဒါလေးတွေက မပေါင်းခင်

ပေါင်းပြီးလို့ စားရန်အသင့်

4 comments:

စူးနွယ်လေး said...

ဘာပဲဖြစ်ဖြစ် ကြည့်ရတာတော့ စားကောင်းမယ့်ပုံပါပဲ...တို့လည်း စားရရင်ပြီးရော ထဲကပဲ..ဟိ

Anonymous said...

hi
just to let u know. Your page comes out 'garbage' on my pc screen.

may I know what 'code' you are using? thanks

jade

Evy said...

Hi Jade,

I've written in my own language (that requires us to install the package to write and view appropriately) and it will appear like what you've mentioned if your PC does not have that special package.

rose of sharon said...

အိုး.. စမ်းကြည့်ချင်စရာလေး... ပုံလေးကြည့်ရတာစားကောင်းမဲ့ပုံပါ