Thursday, March 1, 2012

ခရင်မ်ချိစ် ဆွစ်ရိုးနဲ့ အုန်းနို့ခေါက်ဆွဲ



ချိုချို အီအီဆိမ့်ဆိမ့် swill roll စားချင်တယ်ဆိုရင်တော့ ဒါကအဲဒီ အရသာအပြည့်ပါတဲ့ မုန့်လေးပေါ့။  ဟိုတစ်နေ့က သူငယ်ချင်း တစ်ယောက်လာလည်မှာမို့ လုပ်ထားတာလေးပါ။ အီတဲ့ ဖက်ကို ပိုရောက်ပါတယ် ။ ကျွန်မအတွက်တော့ နဲနဲချိုလွန်းတယ်။ မအီခံနိုင်လားနော် ကိတ်မုန့်အချိုကိုမှ Cream Cheese အစာသွပ်ထားတာကိုး။ အဲဒီနေ့က လာလည်တဲ့ သူငယ်ချင်းကို အုန်းနို့ခေါက်ဆွဲကျွေးတယ်။ ဒါ့အပြင် ဒီမုန့်နဲ့ ကော်ဖီနဲ့ အစာပိတ်ဆိုတော့ အဲဒီအစ်မတော့ ဘယ်လိုနေမယ်မသိ ကျွေးတဲ့ လူကတော့ မျက်လုံးတောင် သိပ်မပွင့်တော့ဘူး :D :D ။ ဘလော့လာလည်တဲ့ သူများကိုလည်း အဲလိုဖြစ်အောင် ၂ ခုလုံးကျွေးပါမယ် ။

ထုံးစံအတိုင်း လုပ်နည်းလေးကြည့်လိုက်ရအောင်။ မခက်ပါဘူးနော်။

ကိတ်မုန့်လုပ်နည်း

  • ကြက်ဥ  ၁၂၆ ဂရမ် - ဒီတစ်ခါ ၃ လုံးထည့်တယ်
  • သကြား ၅၀ ဂရမ်
  • ပျားရည် ၁၉ ဂ၇မ်
  • ဂျုံ ၅၀ ဂရမ်
  • ပွဆေး လက်ဖက်ရည် ဇွန်းထက်ဝက်
  • နို့ ၁၉ ဂရမ်
  • ဆီ ၁၂ ဂရမ် 

(အိမ်က ဗန်းက ၁၀လက်မ x ၁၀လက်မဗန်းပါ)

  1. သကြား၊ ကြက်ဥ၊ပျားရည် ရယ်ကိုရောပြီး ribbon like stage ရောက်တဲ့အထိ မွှေပေးပါ။
  2. ပြီးမှ ဂျုံ+ ပွဆေး (စကာချပြီးသား)ကိုထည့်ပြီး သမအောင်မွှေပေးပါ။
  3. နောက်ဆုံးမှ ဆီ+ နို့ကိုရောမွှေပြီးထည့်ပေးပါ။ အရောင်နဲ့ အနံ့အတွက် ဗနီလာ (လက်ဖက်ရည် ဇွန်း ထက်ဝက်) နဲ့ အနီရောင်ဆိုးဆေး ၁စက်လောက်ကိုထည့်ပြီး ရောမွှေပါ။
  4. ၁၈၀ ဒီဂရီမှာ ၈မိနစ်ဖုတ်ရင်ရပါပြီ။ 
  5. မုန့်ကို ဖိုကထုတ်ပြီးတာနဲ့ တပြိုင်နက်ဗန်းထဲက ထုတ်ပြီးအအေးခံပါ
  6. အေးသွားတာနဲ့မုန့်ဖုတ်စက္ကူနောက်တစ်ခုပေါ်ကိုမှောက်ချ။ မုန့်မှာကပ်နေတဲ့ စက္ကူကိုခွာ။  ခရင်မ်ကို သုတ်ပြီး ဖြည်းဖြည်းချင်းလိပ်ယူပါ . မုန့်က သိပ်နူးညံ့တာမို့ သတိထားပြီးလိပ်ယူပါ. ဒါဆိုမုန့်လေးတစ်ခုရပြီပေါ့။
ribbon like stage ဆိုတာ ဒီလိုအနေကို ဆိုလိုတာပါ
မုန့်မဖုတ်ခင်
သုံးတဲ့ Cream Cheese
့  Cream Cheese ရယ်သကြားရယ် ချောကလက် အနည်းငယ်ကို မွှေထားတာ (မအီခံနိုင်မလားနော်)
မုန့်လှီးတာ နဲနဲ မသပ်မရပ်ဖြစ်သွားတယ်
အုန်းနို့ခေါက်ဆွဲ။ လုပ်နည်းတော့ မရေးတော့ပါဘူး။ အားလုံးချက်တတ်ပြီးသားဖြစ်မယ်ထင်ပါတယ်နော်။

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီကတော့ အချိုရော အအ်ီအဆိမ့်ရောကြိုက်သူမို့ သွားရည်တမြားမြားဖြစ်သွားတယ်
စားချင်လိုက်တာမှ...
သွေးတက်ချင်တက်၊ အီချင်အီပါစေတော့ တကယ်သာစားရမယ်ဆို အားလုံးကို စားမိမှာ သေချာတယ်.
မုန့်လုပ်တာ တော်လိုက်တာ မ Evy ရယ် တကယ် အားကျတယ်..

Song Lay said...

Hi...ခုလိုရေးပေးတဲ့အတွက် သူငယ်ချင်းကိုလဲကျေးဇူးတင်ပါတယ်။
ခုလိုပြုလုပ်နည်းသိသွားပြီဆိုတော့ ဘယ်အချိန်လုပ်စားစား လုပ်စားလို့ရသွားတာပေါ့....
နောက်တခါ လွယ်ကူတဲ့မုန့်လုပ်နည်းလေးတွေတင်ပေးပါနော်...Thanks....

Anonymous said...

ညီမရေဆရာလုပ်တာတော့မဟုတ်ပါဘူး မုန့်ဖတ်တဲ့လူတွေအပြောအရ Philadelphia Cream Cheese ကမုန့်ဖုတ်ရင်ကောင်းတယ်တဲ့

Evy said...

ဟုတ်ကဲ့ပါ။ ချိစ်ကိတ်လုပ်ရင်တော့ သုံးဖြစ်ပါတယ်။ ဆွစ်ရိုးအထဲမှာ ထည့်တဲ့ခရင်မို့အလွယ်လိုက်လိုက်တာ :D