Wednesday, March 28, 2012

ဂျုံပူတင်း / Egg Pudding (with flour )


ဒီတစ်ပတ်ကတော့ ပူတင်းအပတ်လို့ ပြောရလောက်အောင်ပဲ တခြားဘလောဂါ (မြန်မာမဟုတ်)တွေလဲ ပူတင်းမျိုးစုံကို တင်နေကြတာတွေ့ပါတယ်။ ဒီပူတင်းကတော့ ဖေ့စ်ဘွတ်ထဲက သူငယ်ချင်း အိသက်ရဲ့နည်းလေးနဲ့လုပ်တာပါ။ ဂျုံပါတော့ သိပ်သိပ်သည်းသည်းလေးနဲ့ စားလို့ကောင်းပါတယ်။  ကျွန်မကိုယ်တိုင်လဲ အရင်တုန်းက လုပ်ခဲ့ဖူးပါတယ်။ ဒါကတော့ ဂျုံမပါတဲ့နည်းပေါ့။ သိပ်မသိပ်သည်းပဲ ပေါ့ပေါ့ပါးပါးလေးပါ။ ပြီးတော့ မွှေစက်နဲ့ တအားမွှေထားတော့ မုန့်သားကချောမွတ်ပါတယ်။ စိတ်ဝင်စားရင် ဒီမှာ ကြည့်ပါ။

ကျွန်မကိုယ်တိုင်ကတော့ ခုလုပ်တဲ့ အိသက်ရဲ့ နည်းကို ပိုပြီး နှစ်သက်မိပါတယ်။ ခပ်သိပ်သိပ်ကို ကြိုက်တဲ့ ကျွန်မအတွက်အတော်ပါပဲ။ လုပ်နည်းလေးကို သူ့အတိုင်းပဲ ပြန်ကူးပေးလိုက်ပါတယ်။
ကျွန်မကတော့ တစ်ယောက်စာပဲလုပ်စားတာမို့ အချိုးအစားတွေအားလုံးကို ၃ ပုံ ၁ပုံလျော့ထားပါတယ်။


ပါဝင်ပစ္စည်းများ( ၆ခွက်စာ)/ Contents (6 servings)
  • ကြက်ဥ ၆ လုံး
  • ဂျုံမှုန့် ၃ဇွန်း(စားပွဲတင်ဇွန်း)
  • သကြား ၄ဇွန်း
  • ဆား ဇွန်းတဝက်( အချိုစားဇွန်း)
  • ဗနီလာနံ့ ၁စက်(မပါလဲရ)
  • နွားနို့ 750 ml 
အားလုံးကိုရောမွှေပြီး ပျစ်လာအောင်မီးပေါ်မှာ ကျိုပေးပါ။ ကျွန်မကတော့ ခပ်မာမာလေးကြိုက်လို့ တော်တော်လေးပျစ်ခဲသွားတဲ့ အထိကျိုတယ်။ ပြီးရင် ၁၅၀ ဒီဂရီမှာ ၁ နာရီလောက်ဖုတ်ပေးရင်ရပါပြီ။



Hi there, apologies to those non-Burmese friends for not writing in English for so long. Some of you might even wonder what kind of language am I using where you see many "square boxes" or a kind of "alien letters" when you accidentally visit my blog :D. Yeah, knowing about that and yet I still feel lazy to write in English which results in diverting all my post into my native language, Burmese.  Anyway, I will try to post them in both languages as much as I can as I also want to have some connections with other non-Burmese bloggers as well.

Here is the recipe adapted from my cooking pal, Ei Thet.

  • 6 Eggs
  • 3 Tbsp of flour
  • 4 Tbsp of Sugar
  • 1/2 tsp of salt
  • a drop or two of vanilla
  • 750 ml of milk
Just blend all the ingredients mentioned above and boil it until a ribbon like stage. Then transfer to baking tin ( greased) and bake for an hour or until the tester comes out clean. Enjoy!

 **I love the firm texture as a result of tweaking the recipe by adding a little bit of flour.I prefer to chill it before serving and that's simply delicious.

14 comments:

Shoutforfood said...

your photography has always been so amazing!

စံပယ်ချို said...

ပူတင်းဆိုရင်အားလုံးကြိုက်တယ် အချိုတွေသိပ်မစားပေမယ့်ပူတင်းတော့စားဖြစ်တယ်
ဂျူံနဲ့ မစားဖူးလို့ပါဆယ်ဆွဲသွားပါတယ်

Evy said...

Hi Loveforfood => Thanks for visiting my blog and also for the compliments :-)

Jasmine ရေဒီပူတင်းကို အစ်မတော့ သိပ်ကြိုက်တာပဲ ။မချိုပဲခပ်သိပ်သိပ်လေး စားလို့သိပ်ကောင်းတယ်

Aunty Oo said...

လုပ်စားဖြစ်မှာသေချာပါတယ်။ပူတင်းကြိုက်တယ်။
ကော်ပြထားတဲ့ပုံလေးကစားချင်စရာလေး။ကျေးဇူး
တင်ပါတယ်evy ရေ။

Anonymous said...

ခုချက်ချင်းတောင်စားချင်လာပြီ။
လုပ်စားလိုက်အုန်းမယ် Evy ရေ။
ထုံးစံအတိုင်းစားချင်စဖွယ်လေးပါ။
Evy ပြောသလိုလုပ်စားကြည့်မယ်နော်။
အိုင်အိုရာ

Evy said...

လာလည်တာကျေးဇူပါ အန်တီဦးနဲ့ အိုအိုရာရေ။

Anonymous said...

I love pudding and will try it later.
Gyidaw

Evy said...

Thanks Gyidaw

Anonymous said...

Hi Sis,
where to buy baking tin and what oven do u use. thnks alot.

Evy said...

ညီမရေ စင်္ကာပူမှာဆိုရင်တော့ NTUC တို့၊ Metro ကအိမ်သုံးပစ္စည်းရောင်းတဲ့နေရာတွေမှာ ရနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ city mart မှာရမယ်ထင်ပါတယ်

white angle said...

ညီမလေးရေ.. ဒီနေ့ ဂျုံပူတင်းလေးစမ်းလုပ်ကြည့်တာ အောင်မြင်တယ်... ဒါပေမဲ့ ညီမလေးလိုတော့ အပေါ်ယံကြောက ချောမနေဘူး... ချောအောင် ဘယ်လိုလုပ်ရလဲညီမလေး.. စားလို့တော့ တော်တော်ကောင်းတယ်... ကျေးဇူးပါ...

Evy said...

မရေ အဲဒါက ညီမထင်တာတော့ ပူတင်းမဖုတ်ခင် အရည်လေးနဲနဲသွက်သွက်ကလေးကျန်ရင် အပေါ်ယံကြောကချောတယ်လို့ထင်တယ်။ ကျိုရင်တအားကြီး အဖတ်အဖတ်တွေဖြစ်အောင် မကျိုပဲ အရည်လေးနဲ့ ခပ်ပျစ်ပျစ်အချိန်လေးမှာ ဖုတ်ရင် အဆင်ပြေမယ်ထင်ပါတယ်။

BabyAngle said...

ကျေးဇူးနော်..ညီမရေ... နောက်တခါကြိုးစားကြည့်ရမယ်.....

cho cho chit said...

မမ ရေ ..လုပ်စားကြည့်အုံးမယ်..