ဒါတွေချည်းပဲထပ်ကာထပ်ကာလုပ်နေတာ
ဒီတစ်ခါလည်း လုပ်နေကျ အတိုင်းအဆကို ထက်ဝက်ဝက်လိုက်တယ်။ ဒါတွေသာ အကုန်စားရရင်လဲ မချောင်ဘူးလေ။ ချထားသောဝိတ်ကလေး အမြန်နှုံးနဲ့ ပြန်တက်သွားမှာစိုးလို့ မုန့်အချိုးအစားကို လျော့၊ ဖုတ်ပြီးသားမုန့်ကို ၅ ရက်လောက်စားနဲ့ ဟုတ်နေတာပဲ။ နဂိုထဲက ၀ချင်ရက်လက်တို့ လို့တောင်ပြောရမလိုပဲ ရေသောက်ပြီးတောင် ၀ရင် ၀နေတာမျိုးလေ။ ၀လာရင်လဲ နေရထိုင်ရက ကျပ်ပြီးစိတ်ကတယ်မရှည်ချင်လှဘူး
အဲလောက်ကြောက်နေတဲ့ကြားထဲက ကြောက်ကြောက်နဲ့လုပ်ထားသောမုန့် :D ။ ပမာဏကို ထိန်းလို့ရအောင်လို့ သေးသေးလေးတွေလုပ်လိုက်တယ်။ တစ်ခါစား ၂ ခု။ စတော်ဘယ်ရီမုန့် ဖြစ်သွားရခြင်း အကြောင်းကတော့ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အိမ်လာလည်ရင်းနဲ့ ၀ယ်လာတဲ့ စတော်ဘယ်ရီတွေပိုနေတာ ဒီ့ထက်ကြာရင် ပျက်တော့မယ်။ အဲဒီတော့ waste management ပေါ့လေ စတော်ဘယ်ရီကို နွားနို့နဲ့ရောပြီး ချေထည့်လိုက်တော့ စတော်ဘယ်ရီကိတ်ပေါ့။ ဒီတစ်ခါတော့ ပမာဏနည်းတော့ စက်မသုံးပဲ လက်သုံးပြီးမွှေပါတယ်။ တော်တော်တော့ မွှေလိုက်ရတယ်။ အိမ်မှာ မွှေစက်မရှိသေးတဲ့ သူများ လိုက်လုပ်လို့ အဆင်ပြေမယ်ထင်ပါတယ်။
လုပ်နည်း (ကိတ်မုန့် သေးသေးလေး ၈ခုနဲ့ mini pound ကိတ် ခပ်ပြားပြားလေးတစ်ခုစာရပါတယ်)
ပါဝင်ပစ္စည်းများ
- ဂျုံ ၇၅ ဂရမ်
- baking powder 1/2 teaspoon
- သကြား ၆၅ ဂရမ်
- ထောပတ် ၄၅ ဂရမ်
- နွားနို့် ၂၅ မီလီလီတာ
- ကြက်ဥ ၁လုံး
မုန့်မဖုတ်ခင် ဂျုံနဲ့ ဘိတ်ကင် ပေါင်ဒါကို ရောမွှေဇကာချထားပါ။
စတော်ဘယ်ရီ ၄၊ ၅ လုံးကိုချေပြီး ခုနကနွားနို့ထဲရောမွှေထားလို
ကဲမုန့်စဖုတ်မယ်နော်
ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေတံလေးနဲ့ မွှေပေးပါ
အေ၇ာင်ခပ်ဖြူဖြူဖြစ်လာပြီဆိ
ပထမဆုံးဂျုံကို ထည့်ပြီးရင် နွားနို့ကို ထည့်မွှေပါ။ ပြီးမှ ကျန်တဲ့ဂျုံကို တစ်ခါထပ်ထည့်ပြီး သမအောင်မွှေပါ။
လိုချင်တဲ့ ပုံစံခွက်လေးထဲထည့်ပြီး ၁၇၀ အာဗင်မှာ မိနစ် ၂၅ မိနစ်လောက်ဖုတ်ရင်ရပါပြီ။
မီနီဆိုဒ်ကလေး |
မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ။
8 comments:
အားမနာတန်း အ၀စားခဲ့ပါတယ်
ခင်တဲ့ jasmine
စားချင်စရာလေး စတော်ကလဲအကြိုက်ဆိုတော့ လုပ်နည်းလဲမှတ်သွားတယ် စားလည်းစားသွားတယ် ..။
မုန့်မဖုတ်ရရင်ဘဲ မနေနိုင်ဘူးတဲ့
ဒီကတော့ မုန့်ကို မဖုတ်တတ်တာ...
တစ်ခါမှ မလုပ်ဖူးသေးဘူး
လုပ်ကြည့်မယ်ပြောတာလဲကြာပြီ
မလုပ်ရသေးဘူး
လုပ်တော့လုပ်ကြည့်ဦးမှပါး)
Will try.
Thida
မုန့် မဖုတ်ဖြစ်တာကြာပြီ။ ဒါလေးတော့စမ်းကြည့်အုံးမယ်။
i like it .i'lltry.thanks
Sis ..what type of butter and milk should I use for the butter cake?
I have never done before.
Thanks ..
Hello, you can use "Fairprice creamy butter"....That one is not bad....Or you can use SCS butter, that's the best butter I've ever used. But a little pricy compared to the one I mentioned earlier..
Post a Comment