Thursday, April 5, 2012

ပြည်ကြီးငါးဆီပြန်၊ Squid Si Pyan


ကြာလှပါပြီ တစ်လောက သူငယ်ချင်းတစ်ယောက်အိမ် အလှုသွားတော့ ဒီဟင်းမျိုးပါတယ်။ စားကောင်းလွန်းလို့ အိမ်မှာပြန်ချက်စားပြီး ဘလော့ပေါ်တင်လိုက်တာပါ။ ဘုန်းကြီးဆွမ်းကပ်ဆိုတော့လည်း ဟင်းတွေက အမယ်စုံ အမျိုးမျိုးပေါ့။ သူငယ်ချင်းအမေက ဟင်းချက်အရမ်းကောင်းတာ ခုမှသိတယ်။ ခါတိုင်းလဲ သွားနေတာပါပဲ ဒါပေမယ့် မသိခဲ့ဘူး။ ဒီလောက်ဟင်းအမယ်များများကို အကုန်လက်ရာကောင်းအောင် ချက်နိုင်တယ် ဆိုတာ မနည်းဘူးလေ။ ဒီပြည်ကြီးငါးဟင်းကတော့ သူငယ်ချင်းကိုယ်တိုင်ချက်တာဆိုပဲ။ တော်တော်ကောင်းလို့ ပြည်ကြီးငါးတစ်မျိုးထဲကို ထပ်ကာထပ်ကာယူမိတယ်။ ဟင်းတွေများလွန်းတော့ ဟင်းခွက်အကုန်မနိုက်နိုင်ပါဘူး။ သူ့ကို ချက်နည်းမေးကြည့်တော့လည်း ရိုးရိုးဆီပြန်ပဲ အဲဒါကိုက စားလို့ကောင်းနေတာ။ ဗမာဆီပြန်ဟင်းကတော့ တော်တော်များများ ချက်တတ်မယ်ထင်ပါတယ်နော်။

လုပ်နည်းလည်း အထူးတလယ်မရေးတော့ပါဘူးနော်။ ပြည်ကြီးငါးကို သန့်ရှင်းရေးလုပ် သေးသေးလေးတွေလှီး။ ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီး ဆီသတ်၊ နံနံပင်ထည့်၊ ပြည်ကြီးငါးထည့် ခဏနေဆိုရပြီ။ အောက်မှာတော့ ဘလော့လာလည်တဲ့ ဗမာမဟုတ်တဲ့ သူငယ်ချင်းတွေ စမ်းချင်ရင်စမ်းနိုင်အောင် အင်္ဂလိပ်လိုရေးပေးထားလိုက်တယ်။ ပြည်ကြီးငါးဆီပြန်မချက်ကြည့်သေးရင် ချက်ကြည့်စေချင်တယ်။ အရမ်းကိုစားလို့ကောင်းပါတယ်။























Here is the recipe

  • 2 medium size squid (clean and cut into small pieces and season with salt and pepper)
  • 1 big tomato (thinly sliced)
  • 2 onions (chopped or you can use food processor)
  • 3 cloves of garlic
  • some coriander (chopped)
  • some red chili
  • about 10 Tbsp of vegetable oil
  • 1 Tbsp of chili powder
  • 1 tsp of seasoning powder 
  • some fish sauce to taste

Method
  1. Heat oil in work and fry onions and garlic until they become soft.
  2. Add tomato, chopped coriander, red chili , seasoning powder, 1Tbs of chili powder and some fish sauce (adjust to your taste).
  3. Cook for about 5 to 7 mins or until the tomatoes are fully cooked ( you should see some clear oil by then - that is called "Si Pyan")
  4. Finally, add the seasoned squids and cook for a few minutes only. Note, don't over cook as it will make the texture of the squid rubbery instead of just soft.
  5. Dish out and  garnish with some fresh coriander. Enjoy.

13 comments:

kitchen flavours said...

Looks delicious! Squid is one of my favourite! And this spicy dish looks really good!
Thank you for stopping by my blog and for following, I am following you right back. Have a nice day!

oakkar said...

ဗိုက်ဆာလို့ တွေ့ရာဘလော့ ကြည့်မိပါတယ် ...
အောင်မယ်ငီး ဟီး....

လွင်ပြင်လှိုင်းငယ် said...

ဟွန်း....ဗိုက်ချာနေပါတယ်ဆို

Evy said...

Hi All, thanks for visiting :-)

Shoutforfood said...

Thanks for posting such a great recipe. I look ... I love your photos.

ချော(အစိမ်းရောင်လွင်ပြင်) said...

ထမင်းပူပူလေးနဲ့ နယ်စားရရင် တစ်ခြားဟင်းတောင် မလိုတော့ဘူး ..
စားချင်လိုက်တာ..
ဟုတ်ပ ကြည့်တာနဲ့စားကောင်းမယ်ဆိုတာ သေချာနေတယ်း)

ko said...

ပြည်ကြီးငါးက ရေဘဝဲနဲတော်တော်တူတယ်နော် အဲ့ဒါရေဘဝဲကိုပြောတာလား ..တူတူထင်တယ်နော်..သေချာမသိလို့.. ကိုရီးယားမှာတော့ ရေဘဝဲပေါက်လေးတွေကို ဝါးတူထိပ်လေးတွေမှာ ပတ်ပြီး အရှင်လိုက်ကို ဆော့နဲ့တို့စားတာဗျ တခါတလေ ရေဘဝဲလက်တွေကပါးစပ်မှာ တန်းလန်းတန်းလန်းဖြစ်နေတာ ဟီးး

yin said...

look yummy

Evy said...

Ko => ပြည်ကြီးငါးက ရေဘ၀ဲမဟုတ်ဘူးလေ။ အမျှင်တွေတော့ပါတယ်။ ဒါပေမယ့်သူ့ကိုယ်ထည်က ခပ်ရှည်ရှည်လေး။ ကိုရီးယားမှာ အဲလိုစားတာတော့ ကြားဖူးတယ်။ အသဲယားစရာ မတော်လည်ချောင်းမှာ ကပ်နေမှဖြင့် :D

Yin => Thanks for visiting :-)

ann low said...

What a beautiful dish! I don't mind to have oily food once in a while :)

Evy said...

ွှThanks Ann for visiting :-)

အေးမြတ်သူဇာ said...

မမ

ပြည်ကြီးငါးကိုချက်ရင် ရေများများမထည့်ရဘူး
ရေများရင် မာတောင့်တောင့်ဖြစ်သွားတယ်ဆိုတာ ဟုတ်လား..ပြောပြပေးပါဦးနော်...း)

Evy said...

ညီမအေးမြတ်သူဇာ-ဟုတ်တယ်ညီမရေ။ ခဏပဲမီးပေါ်ထားရတယ်။ အစ်မတော့ အနှစ်တွေအားလုံးကို ဆီပြန်ကာနီးတော့မှ ပြည်ကြီးငါးထည့်တယ်။ ပုဇွန်တွေဘာတွေချက်ရင်လဲဒီလိုပဲ။