ချိစ်ကိတ်တွေစားရင်
အီတယ်လို့ ထင်သူများအတွက် အဆင်ပြေမယ့် မုန့်လေးတစ်ခု ပြောပြပေးမယ်နော်။ အဲဒါကတော့
Cheese in a strawberry လို့ခေါ်တဲ့ စတော်ဘယ်ရီသီးထဲကို ချိစ်ပြန်ထည့်ထားတဲ့ အချိုပွဲလေးတစ်ခုပါပဲ။
အသီးအရသာချိုချဉ်လေးမှာ ချိစ်အရသာဆိမ့်ဆိမ့်လေးနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ ဒါ့အပြင်ချောကလက်လေးပါပါသေးတာမို့
အရသာကတော့ ပြောဖွယ်ရာမရှိပါပဲ။ လုပ်နည်းလေးကို ကြည့်ကြရအောင်
ပါဝင်ပစ္စည်းများ
စတော်ဘယ်ရီ
၂၀၀ ဂရမ်
ခရင်မ်ချိစ်
၆၀ ဂရမ်
သကြား စားပွဲဇွန်း
၁ဇွန်း
ထောပတ် လက်ဖက်ရည်
ဇွန်း ၂ ဇွန်း
ဗနီလာအနံ့
တစ်စက်
ချောကလက်
အနည်းငယ် ( မိုက်ခရိုဝေ့ဖ်နှင့်အပူပေးပြီး ပျော်အောင်လုပ်ထားပါ)
Digestive
biscuit ၁ ချပ်( မှုန်ညက်အောင် ခြေထားပေးပါ)
ပြုလုပ်နည်း
စတော်ဘယ်ရီကလွဲပြီး
ကျန်တာအားလုံးကိုသမပြီး ညက်နေအောင် ရောမွှေထားလိုက်ပါ
စတော်ဘယ်ရီသီးလေးထဲက
အသားကို ပုံပါအတိုင်းထွင်းထုတ်ပေးပါ
ချိစ်အရောကို
လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်ထည့်ပေးပါ
နောက် ချောကလက်ရည်ထဲတွင်
စိမ်ပြီး Biscuit မှုန့်ကပ်ပေးပါ။
ဗန်းတစ်ခုထဲတွင်
စီထည့်ကာ ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထားပေးပြီးရင်တော့ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ
(အိမ်ကညီမကတော့ ကြိုက်လွန်းလို့ အကုန်ပြောင်အောင် အားပေးတယ်ရှင်)
1 comment:
Wow! good idea. wanna try
Post a Comment