Monday, April 8, 2013

ကြက်သားမျှင်ပေါင်မုန့်




ကြက်သားမျှင်ကို သုံးတဲ့ ပေါင်မုန့်နောက်တစ်မျိုးကို ကြည့်ကြရအောင်။ ဒီမှာတော့ Chicken floss bun လို့ ခေါ်ကြပြီး ကျွန်မကတော့ မြန်မာလို ကြက်သားမျှင်ပေါင်မုန့်လို့ နာမည်ပေးထားပါတယ်။ ရိုးရိုးပေါင်မုန့်အချိုကို မရိုးနိစ်၊ ကြက်သားမျှင်များဖြူးထားတာမို့ တစ်မျိုးဆန်းပြီး အရသာရှိလှပါတယ်။ စင်္ကာပူမှာတော့ Bread Talk ဆိုတဲ့ ဆိုင်ဟာ ဒီလိုပေါင်မုန့်မျိုးတွေကို အဓိကထားရောင်းပြီး သူတဲ့ရဲ့ Chicken/ pork floss bun တွေဟာလူကြိုက်များပါတယ်။ စပြီးဖွင့်ကာစ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကဆိုရင် အဲဒီဆိုင်က ပေါင်မုန့်ဝယ်ချင်ရင် လူတန်းရှည်ကြီးကို အကြာကြီးစီပြီးစောင့်ရတာ။ အဲလောက်အထိနာမည်ကြီးတာပါ။ ကဲအခုတော့ နာမည်ကြီးပေါင်မုန့်များကို အိမ်မှာပဲ အလွယ်တကူလုပ်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အစု (၁)
·         ပေါင်မုန့်ဂျုံ ၁၁၅ ဂရမ်
·         Yeast ၂.၅ ဂရမ်
·         ရေ ၈၅ မီလီလီတာ

အစု (၂)
·         ကြက်ဥ ၁၀ ဂရမ် (ခေါက်ပြီးသား)
·         သကြား ၃၀ ဂရမ်
·         ဆား ပါရုံမျှ
·         ရေအေး ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်နော်)
·         Yeast  ၁.၂၅ ဂရမ်

အစု (၃)
·         ထောပတ် ၁၅ ဂရမ် (အခန်းအပူချိန်)
·         ပေါင်မုန့်ဂျုံ ၅၀ ဂရမ်

မုန့်လုပ်နည်း
ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ (ဂျုံနယ်နည်း အဆင့်ဆင့်ကို အရင် ပေါင်မုန့်လုပ်နည်းတွေမှာကြည့်နိုင်ပါတယ်)


နောက် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ဘဲဥပုံလေး ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။
နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်ဖုတ်ပေးပါ။



ပေါင်မုန့်တွေအေးသွားပြီဆိုရင် ပေါင်မုန့်အလယ်ပိုင်းကို ပုံပါအတိုင်း ဓါးနဲ့လှီးပေးပါ။
နောက် မရိုးနိစ်ခပ်များများကိုလှီးထားတဲ့ အရောထဲကို ထည့်ပေးပြီး ပေါင်မုန့်ပေါ်ကိုပါသုတ်လိမ်းပေးပါ။
နောက်ကြက်သားမျှင်များကို ဖြူးပေးပြီးရင် အရသာရှိလှတဲ့ Chicken floss bun အသင့်ဖြစ်ပါပြီ


2 comments:

Aunty Oo said...

လွယ်မယောင်နဲ.ခက်မဲ့ပုံဘဲနော်။ပထမတင်တဲ့မုန်.တွေ.
ကထဲကလုပ်စားဘို.ကြက်သားမျှင်ဝယ်ထားတာခုထိ
မလုပ်ရသေးဘူး။breadtalkမှာကြက်သားမတွေ.ဘူး
ဝက်သားဘဲတွေ.တယ်။evyဆီကနည်းလေးသိရတာ
ကျေှးဇူးတင်ပါတယ်။

Unknown said...

ကြက်သားမျှင် ဘယ်မှာ ၀ယ်လို့ရနိုင်လဲ အမ (ရန်ကုန်မှာဆိုရင်)