Thursday, April 11, 2013

Egg in a toast (ကြက်ဥပေါင်မုန့်ကင်)




ကလေးတွေ စိတ်ဝင်စားမယ့် မနက်စာလေး နောက်တစ်မျိုးက ပေါင်မုန့်ကြက်ဥကင်လေးပါ။ ရိုးရိုးကြက်ဥနဲ့ ပေါင်မုန့်ကင်ကို စိတ်ဝင်စားချင်မှ စိတ်ဝင်ကြပေမယ့် ဒီလို အဆန်းလေး လုပ်ပေးလိုက်ရင်တော့ သူတို့ သဘောကျကြမှာ အသေအချာပါပဲ။ အာဟာရလဲပြည့်ဝ ဗိုက်လည်း ပြည့်မယ့် မနက်စာလေးကို သားသားမီးမီးလေးတွေ အတွက်လုပ်ပေးကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့် ပါးပါး
  • ကြက်ဥ
  • ကြက်သွန်မိတ်
  • ကြက်သားမျှင်
  • ဆား နှင့် ငရုပ်ကောင်းအနည်းငယ်


ဒီမုန့်အတွက် ဖြစ်နိုင်ရင် ပေါင်မုန့်ကိုအပါးသာသုံးပေးပါ။
မုန့်ဖုတ်မယ့် Muffin ခွက်လေးတွေကို ဆီသုတ်ပြီး ပေါင်မုန့်လေးတွေကို ပုံပါအတိုင်းထည့်ပေးပါ။
ကြက်ဥတစ်လုံးစီကို ပေါင်မုန့်တစ်ခုစီထဲထည့်ပေးပါ။
ကြက်သွန်မိတ်လေးတွေ ညှုပ်ထည့် ၊ဆား၊ ငရုပ်ကောင်း ဖြူးကာ ၁၈၀ ဒီဂရီ အပူပေးထားတဲ့ Oven မှာ ၁၀ မိနစ်လောက်ဖုတ်ပေးလိုက်ရင်တော့ စားချင်စဖွယ် ပေါင်မုန့် ကြက်ဥကင်လေးရပါပြီ

No comments: