Tuesday, April 23, 2013

Pasty မုန့်






Cornish Pasty လို့ခေါ်တဲ့ အနောက်တိုင်းမုန့်လေးတစ်မျိုးပါ။ သူ့ရဲ့ မူလကတော့ အင်္ဂလန်နိုင်ငံလို့ သိရပါတယ်။ သက်သတ်လွတ်လုပ်လို့ရသလို အသားနဲ့လည်း လုပ်လို့ရပါတယ်။ ကျွန်မဒီမှာလုပ်ပြပေးထားတာကတော့ သက်သတ်လွတ်ပါပဲ။ လုပ်ရတာလဲ လွယ်ကူတာကြောင့် အချိန်တိုအတွင်းမှာ အခက်အခဲမရှိပဲလုပ်နိုင်ကြမယ် ထင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ဂျုံသားအတွက်
  • ဂျုံ ၂၀၀ ဂရမ်
  • ထောပတ် (အအေး) ၁၀၀ ဂရမ်
  • ရေခဲရေ ၅၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်



အဆာထည့်ရန်

  • အာလူးအလတ် ၁ လုံး (သေးသေးစိတ်ပါ)
  • မုန်လာဥနီတစ်လုံး (သေးသေးစိတ်ပါ)
  • ကြက်သွန်နီတစ်ဥ (သေးသေးလှီးပါ)
  • ငရုပ်ကောင်း အနည်းငယ်
  • ဆားလက်ဖက်ရည် ၁ ဇွန်း
  • ချိစ်( မထည့်လည်းရ) အနည်းငယ်

အားလုံးကို ရောမွှေထားပေးပါ



လုပ်နည်းအဆင့်ဆင့်

  • မုန့်သားအခွံအတွက် ထောပတ်နဲ့ ဂျုံများကို ပုံပါအတိုင်း ရောနယ်ပေးပါ။  ရေကိုနဲနဲခြင်းစီ ထည့်ပေးပါ။ဖြစ်နိုင်ရင် ခက်ရင်းကို သုံးပေးပါ။
  • ဂျုံဒိုးရလာပြီဆိုရင် ပလတ်စတစ်နဲ့ ပတ်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထည့်ပေးပါ
  • နောက် ၂ ပိုင်းခွဲကာ အပြားလေးဖြစ်အောင် ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။
  • မုန့်သားအတွက် အဆာများကိုထည့်ပေးပြီး ပုံပါအတိုင်း လိပ်ပေးပါ။
  • ကြက်ဥရည်သုတ်လိမ်းပြီး ၁၆၀ ဒီဂရီအာဗင်မှာ ၁ နာရီဖုတ်ပေးပြီးရင်တော့ သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ




5 comments:

Aunty Tint said...

Cornish Pasty မုန့်လုပ်နည်းလေး လေ့လာရင်း ပူတင်းပေါင်မုန့် ငှက်ပျောသီးပေါင်မုန့်လိပ်ပါ တစ်ခါတည်းမှတ်သားသွားတယ် Evy ရေ။ ကျေးဇူး :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စန္ဒကူး said...

Empanada ဒီမှာခဏခဏစားရတယ်.. ညှစ်တဲ့ခွက်လေးထဲထည့်လိုက်ရင် ပုံလှလှလေးထွက်လာရော..
သက်သက်လွတ်အတွက် ကန်ဇွန်းဥ၊ ရွှေပဲစေ့လေးတွေနဲ့လုပ်တယ်..
tuna နဲ့ chicken လဲပါတယ်..
ကူးက tuna နဲ့လုပ်တာအကြိုက်ဆုံး...း))
ကိုယ်တိုင်တော့မလုပ်တတ်ဘူးရယ်..
လုပ်နည်းလေးအတွက်ကျေးဇူး..

Theingi said...

ညီမလုပ်စားတယ်သိလား တော်တော်ကိုစားကောင်းတယ်မမရေ....အုန်းသီးလည်းထည့်လုပ်ဖြစ်တယ်၊ အာလူး၊မုန်လာဥနီနဲ့လည်းလုပ်တယ်

suyi nandar said...

100g က ချိန်​တဲ့ ခွက်​​လေး​တွေ နဲ့ဆို ဘယ်​​လောက်​ရှိတာလဲဟင်​ အမ ။

suyi nandar said...

So yummy sis..မုန့်​သား​တော့နည်းနည်း ထူသွားတယ်​၊ but taste so good.