Friday, April 19, 2013

ငှက်ပျောသီးပေါင်မုန့်လိပ်




ကလေးတွေအတွက် မနက်စာစီစဉ်ရခက်နေရင် ဒီမုန့်လေးကို လုပ်ပေးကြည့်ဖို့ အကြံပေးပါရစေ။ ငှက်ပျောသီးကို ပေါင်မုန့်ထဲ ထည့်လိပ်ထားပြီး ချောကလက်ရည်လေး ဆမ်းထားတာမို့ ကလေးတို့အကြိုက်ပါပဲ။
ငှက်ပျောသီးကတော့ နှစ်သက်ရာတစ်မျိုးမျိုးကို သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ပေါင်မုန့်
  • ငှက်ပျောသီး (ပေါင်မုန့်နဲ့ အညီဖြတ်ထားပေးပါ)
  • ချောကလက်ဆံလေးများ


ပထမဦးဆုံး ပေါင်မုန့်များကို ပုံပါအတိုင်း ပိုပြီးပြားသွားအောင် ဒလှိမ့်တုံးနဲ့ လှိမ့်ပေးပါ
ပေါင်မုန့်ပေါ်မှာ ချောကလက်ဆံလေးများ ဖြူးပြီး ငှက်ပျောသီးတင်ကာ လိပ်ပေးပါ
လိပ်ထားတာ မပြေစေရန် သွားကြားထိုးတံလေးထိုးပြီး ထိန်းပါ
နောက် ၁၈၀ဒီဂရီအပူပေးထားတဲ့ Oven မှာ ၁၅ မိနစ်ခန့်ဖုတ်ပေးရင်ရပါပြီ
နှစ်သက်ပါက ချောကလက်ရည်ဆမ်းစားနိုင်ပါတယ်။

No comments: