နှစ်သက်မိတဲ့
အရှေ့တိုင်းထမင်းတစ်မျိုးကတော့ Bibimbap လို့ခေါ်တဲ့ ကိုရီးယားထမင်းသုပ်ပါ။
ဒီထမင်းပွဲကတော့
လူတိုင်းလိုလိုနဲ့ ရင်းနှီးပြီးသားဖြစ်မှာမို့ အထူးတလည်
မိတ်ဆက်မပေးနေတော့ပါဘူးနော်။
ဟင်းသီးဟင်းရွက်မျိုးစုံပါဝင်တာမို့
ကျန်းမာရေးအတွက်လည်း ကောင်းမယ်ထင်ပါတယ်။
ဒီထမင်းပွဲအတွက်ကိုတော့
နှစ်သက်ရာအသီးအရွက်များကို သုံးနိုင်ပါတယ်။ ကျွန်မကတော့ ရေညှိ၊ မုန်လာဥနီ၊
ငရုပ်တောင့်ပွအ၀ါ၊ မှို၊ ဟင်းနုနယ်၊ ပဲပင်ပေါက်များကိုသုံးပြထားပါတယ်။ ကင်မ်ချီ
နှစ်သက်သူများလည်း ထည့်စားနိုင်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ပဲပင်ပေါက်
- ရေညှိ၊
- မုန်လာဥနီ (သေးသေးလှီးထား)
- ငရုပ်တောင့်ပွအ၀ါ (သေးသေးလှီးထား)
- ရှီတာကီ မှို (သေးသေးလှီးထား)
- ဟင်းနုနယ်
- ကြက်ရင်ပုံတစ်ခု + ကြက်သွန်နီအနည်းငယ် ( သေးသေးလှီးကာ ဆား၊အရောင်တင်နယ်ထားပါ)
- နှမ်းဆီမွှေး
မုန်လာဥနီကလွဲပြီး
ပါဝင်တဲ့ အသီးအရွက်များကို ခပ်မြန်မြန်လေးကြော်ပေးရပါမယ်။
တစ်မျိုးစီကို ၂
မိနစ်ခန့်သာ မီးပြင်းပြင်းနဲ့ ဆားအနည်းငယ်ထည့်ပြီးကြော်ကာ သပ်သပ်စီပုံထားပေးပါ။
နောက်ဆုံးမှကြက်သားနဲ့
ကြက်သွန်နီကို ၄ မိနစ်ခန့်ကြော်ပေးပါ။
ကြက်ဥကိုလည်း
မကျက်တကျက်ကြော်ထားပါ
ပွဲပြင်ရန်အတွက်
ထမင်တရုပ်ပန်းကန်လုံးတစ်လုံးကိုထည့်ကာ
ကြော်ထားသောအသီးအရွက် နှင့် အသားများကို ထည့်ပေးပါ။
ကြက်ဥကို အလယ်မှတင်ပြီး
ကိုရီးယား ငရုပ်နှစ် စားပွဲဇွန်းကြီး ၁ ဇွန်းထည့်ကာ နှမ်းဆီမွှေးအနည်းငယ် ဆမ်းပါ၊
ထို့နောက်
သမအောင်ရောနယ်ကာ သုံးဆောင်ပါ
6 comments:
Hello sister,
Thanks for your post ,but where can i buy korean chili paste in singapore?
Hello, it is available in NTUC.
ကိုရီးယားထမင်းသုပ် စိတ်ဝင်စားတယ် Evy ရေ..
စမ်းလုပ်သုပ်စားမယ် ကျေးဇူးနော် ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စိတ်ဝင်စားမိပြီနောက်တမျိုး----
ကျေးဇူးပါရှင်
Hi, Could you please take picture of the Korean chili paste and show it on this post? Thanks!
ကျေးဇူးပါ
Post a Comment