မနက်ဖြန်မနက် ရုံးပိတ်ရက်မှာ
ထူးထူးဆန်းဆန်းလုပ်စားချင်သူများအတွက် ပေါင်မုန့်ကြက်ဥကင်လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီမုန့်လေးကို အရင် ဘလော့နှစ်ဦးကာလများက
လုပ်ပြခဲ့သလို Food magazine ကလေးအစီအစဉ်အတွက်လည်း ရေးပေးဖူးပါတယ်။ တကယ်တမ်းတော့
ဒီမုန့်က ကလေးလူကြီးမရွေးစားနိုင်တဲ့မုန့်ပါ။ ရှိပြီးသား ပစ္စည်းများနဲ့သာ
ပြုလုပ်နိုင်တာကြောင့် အားလုံးနှစ်သက်ကြပါလိမ့်မယ်
ပါဝင်ပစ္စည်းများ
- ပေါင်မုန့် အဖြူ ၂ ချပ်
- ကြက်ဥ၁လုံး
- ချိစ်ပြား ၁ ချပ် (ချိစ်ကြိုက်ရင် ၂ ချပ်ထည့်လို့ရပါတယ်)
ပြုလုပ်နည်း
1. အာဗန်ကို ၁၆၀
ဒီဂရီအပူပေးထားပါ
2. ပေါင်မုန့်
တစ်ချပ်ကို ဘေးသား လက်တစ်လုံးခန့်လှီးထုတ်ထားလိုက်ပါ။
3. ကျန်တဲ့ပေါင်မုန့်နောက်တစ်ချပ်ပေါ်မှာ
ချိစ်များကို ပုံပါအတိုင်းဖြူးလိုက်ပါ။
4. နောက်
လှီးထုတ်ထားသော ပေါင်မုန့်ဘေးသားများကိုတင်ပေးပါ။
5. အလယ်မှနေရာလွတ်တွင်
ကြက်ဥဖောက်ထည့်ပြီး ချိစ်ထပ်ဖြူးပါ
6. ထို့နောက်အာဗန်တွင်
၁၀ မိနစ်ခန့်ကင်ပါ။
7. ကြွပ်ရွပြီးအရသာရှိတဲ့
ပေါင်မုန့်ကင်အသင့်ဖြစ်ပါပြီ
1 comment:
ပေါင်မုန့်ကြက်ဥကင် လုပ်နည်းလေး မှတ်သားသွားတယ် Evy ရေ... စားရတာအရသာရှိပြီး လုပ်ရလွယ်ကူတဲ့ နည်းလေးမို့ သဘောကျတယ် ကျေးဇူးနော်...
မေတ္တာဖြင့်
တီတင့်
Post a Comment