Tuesday, February 4, 2014

Valentine’s special - အသဲမြှုပ်ထားသော ထောပတ်ကိတ်






ချစ်သူများနေ့မှာ ကိုယ့်ရဲ့ချစ်သူကို အသဲမြှုပ်ထားတဲ့ ထောပတ်ကိတ်လေးပေးပြီး အံ့ဩသွားအောင် လုပ်ကြရအောင်။ ရိုးရိုးထောပတ်ကိတ်ကို ဆန်းသစ်ထားတဲ့နည်းတစ်မျိုးပေါ့။ ဒီမုန့်အတွက်က ၂ ခါမုန့်လုပ်ဖို့လိုအပ်ပါတယ်။ အသဲပုံကိတ်အသေးလေးတစ်ခါ၊ ရိုးရိုးကိတ်မုန့်တစ်ခါပါ။



ပါဝင်ပစ္စည်းများ

ထောပတ် ၁၄၀ ဂရမ်
သကြား ၁၂၀ ဂရမ်
ကြက်ဥ ၂ လုံး
ဂျုံ ၁၄၀ ဂရမ်
ဘိတ်ကင်ပေါင်ဒါ ၄ ဂရမ်
ဗနီလာအနံ့ အနည်းငယ်
နွားနို့ စားပွဲဇွန်း ၂ ဇွန်း

လုပ်နည်းအဆင့်ဆင့်
  1. မုန့်ဖုတ်မယ့်ခွက်ကို (၈လက်မ x ၃.၃လက်မ) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး ကို စကာ ချထားပါ
  3. ပထမဆုံး သကြားနဲ့ ထောပတ် (အခန်းအပူချိန် ခပ်ပျော့ပျော့) ကို ပွလာအောင် မွှေပေးပါ
  4. ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ ။
  6. ရလာတဲ့ မုန့်သားအနည်းငယ် (စားပွဲဇွန်း ၃ ဇွန်းခန့်)ု သပ်သပ်ဖယ်ကာ အနီရောင်အစားအသောက်ဆိုးဆေးတစ်စက်ခန့်ကို ထည့်ပြီးမွှေပါ။ဒါဆိုရင် မုန့်သားပန်းရောင်ရပါပြီ။
  7. ရလာတဲ့မုန့်သားပန်းရောင်ကို အသဲပုံခွက် အသေး၂ ခွက်မှာထည့်ပြီး ၁၆၀ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁၈ မိနစ် (သို့) စူးတံမှာမုန့်နှစ်ကပ်မပါလာတဲ့အထိဖုတ်ပေးပါ။
  8. ပန်းရောင်အသဲပုံကိတ်ကျက်လျှင်ပုံပါအတိုင်း ခပ်ကြီးကြီးစိတ်လိုက်ပါ။
 

  1. ထို့နောက် မုန့်ဖုတ်မယ့်ခွက်မှာ မုန့်နှစ်အဖြူကိုတစ်ဝက်ကိုလောင်းထည့်ပါ။
  2. ပန်းရောင်အသဲပုံကိတ်ထည့်ပြီး ကျန်သောမုန့်နှစ်အဖြူကို ထည့်ပေးပါ။
 

  1. ၁၆၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် ၄၅ မိနစ်ဖုတ်ပေးပါ။
  2. မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ်ကပ်မပါလာရင် ရပါပြီ
 
 

ဒါဆိုရင်တော့ အသဲပုံကိတ်မြုပ်နေတဲ့ ထောပတ်ကိတ်လေး အသင့်ဖြစ်သွားပါပြီ။ ကိုယ်တိုင်လုပ်သော မုန့်များဖြင့် မျက်နှာပန်းလှနိုင်ကြပါစေနော်..

No comments: