Tuesday, April 22, 2014

ခရင်မ်ချိစ်ပေါင်မုန့်




အီအီဆိမ့်ဆိမ့်ချိစ်နှစ်သက်သူတွေ သဘောကျမယ့်ပေါင်မုန့်လုပ်နည်းတစ်မျိုးကို မျှဝေပေးချင်ပါတယ်။ ပေါင်မုန့်အချိုကိုမှ ခရင်မ်ချိစ်နဲ့ ချောကလက်ရောမွှေထားတဲ့ အစာထည့်ထားတဲ့ အချိုမုန့်တစ်ခုပါ။ ခရင်မ်ချိစ်နဲ့ ချောကလက်တွဲမှတော့ အရသာကတော့ အထူးတလည်မေးမနေပါနဲ့တော့။ ဆိမ့်ဆိမ့်လေးမှာ ချောကလက်အရသာတွဲပါနေပြီး ကော်ဖီခါးခါးလေးနဲ့သာ မြည်းလိုက်ရရင်တော့ အကောင်းဆုံး လက်ဖက်ရည်သောက်ချိန်ဖြစ်မှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အစု (၁)
·         နို့ဆီ ၃၀ ဂရမ်
·         ကြက်ဥခေါက်ပြီးသား ၁၀ ဂရမ်
·         ရေ ၈၅ မီလီလီတာ
·         ဆား- လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
·         Yeast ၂.၅ ဂရမ်

အစု (၂)
·         ပေါင်မုန့်ဂျုံ ၁၃၀ ဂရမ်
·         ရိုးရိုးဂျုံ ၂၀ ဂရမ်
·         နို့မှုန့် ၂.၅ ဂရမ်
·         သကြား ၃၀ ဂရမ်

အစု (၃)
·         ထောပတ် ၁၅ ဂရမ် (အခန်းအပူချိန်)

ခရင်မ်ချိစ် filling
·         ၁၀၀ ဂရမ်ခရင်မ်ချိစ်
·         ၄၀ဂရမ်ထောပတ်
·         သကြားမှုန့် ၃၀ ဂရမ်
·         ချောကလက်ခြစ်ပြီးသား စားပွဲဇွန်း ၂ ဇွန်းခန့်
အားလုံးကိုသမအောင်ရောမွှေထားပါ


မုန့်လုပ်နည်း
ပထမဆုံး အစု (၁) ၊ (၂) ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
နောက် အစု (၃)်ဖြစ်တဲ့ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)
ဂျုံသားပွလာအောင် မိနစ် ၄၀ခန့်ထားပါ။ ထို့နောက်  ၃၀ ဂရမ်ခန့် အလုံးငယ်များလုံးကာ ၁၀ မိနစ်လောက် ထပ်ထားပါ။
ထို့နောက် တစ်လုံးစီတွင် ခရင်မ်ချိစ်အရောအနည်းငယ်စီထည့်ကာ ခပ်ပြားပြားဖြစ်အောင်ဖိချပါ။
ပေါင်မုန့်များ ပွလာအောင် မိနစ် ၄၀ထားပေးပြီးနောက်  ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးကာ စပျစ်သီးခြောက်အနည်းငယ်တင်ပါ။
ထို့နောက် ၁၈၀ ဒီဂရီအာဗင်မှာ ၂၀ မိနစ်ဖုတ်ပေးကာ အအေးခံပြီးလျှင်သုံးဆောင်နိုင်ပါပြီ။

1 comment:

Unknown said...

Grams equals to how many cups?