Wednesday, April 30, 2014

စတော်ဘယ်ရီနို့ပါင်မုန့်







ဒီတစ်ခါမှာတော့ စတော်ဘယ်ရီနို့ပေါင်မုန့်လေးလုပ်ကြည့်ကြရအောင်။ စတော်ဘယ်ရီဂျုံဒိုးနဲ့  ရိုးရိုးဂျုံဒိုးကို ပေါင်းစပ်ထားတာကြောင့် ၂ လွှာစပ်ကြားဖြစ်နေပြီး ကြည့်ရတာလည်း အလွန်အမြင်လှပါတယ်။ အရသာကတော့ ရိုးရိုးနို့ပေါင်မုန့်အရသာပါပဲ။ ပေါင်မုန့်ရိုးရိုးလုပ်ရမှာ ပျင်းသူတွေ စမ်းလုပ်ကြည့်လို့ရတာပေါ့နော်.

ပါဝင်ပစ္စည်းများ
ပေါင်မုန့်ဂျုံ ၂၀၀ ဂရမ်
သကြား ၂၀ ဂရမ်
ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
နွားနို့ ၁၀၀ ဂရမ်
ကြက်ဥခေါက်ပြီးသား ၃၅ ဂရမ်
တဆေး (yeast) - ၄ ဂရမ်
ထောပတ် ၁၅ ဂရမ်


ပေါင်မုန့်ပြုလုပ်နည်း
  1. ထောပတ်ကလွဲလို့ ကျန်တဲ့ ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။
  2. ၁၀ မိနစ်လောက်ကြာလို့ ဂျုံသားရလာပြီဆိုမှ ထောပတ်ကိုထည့်မွှေပြီး နယ်ပေးပါ။
  3. Window pane test ရတဲ့အထိနယ်ရပါမယ် ။ အချိန် မိနစ် ၂၀ လောက်ကြာပါတယ်။
  4. ဒါဆိုရင်မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့မုန့်သားကို ၂ ပိုင်းအညီအမျှပိုင်းလိုက်ပါ
  5. တစ်ပိုင်းကို strawberry paste လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်နယ်ပြီး ၊ နောက်တစ်ပိုင်းကို ဒီတိုင်းထားပါ။
  6. ထို့နောက် မုန့်သားများကို ဆီဆွတ်ထားတဲ့ ဇလုံတစ်ခုထဲမှာ အဖုံးအုပ်ပြီး ၂ ဆဖြစ်လာတဲ့အထိထားပါ
  7. ၁ နာရီလောက်နေပြီး မုန့်သားပွလာပြီဆိုရင် ပြန်ဖိချပြီးလေတွေကို ထွက်အောင်လုပ်ပေးပါ
  8. နောက်ထပ် ၁၀ မိနစ် ခန့်စောင့်ပြီးမှ ပုံပါအတိုင်း စတုဂံပုံရအောင် ဒလိမ့်တုံးဖြင့်လှိမ့်ပေးကာ မုန့်သား၂ခုကိုထပ်ကာ လိပ်ပေးပါ။
  9. ထို့နောက် ပွလာအောင် ၁ နာရီခွဲခန့်စောင့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ ၄၅ မိနစ်လောက်ဖုတ်ပေးရင် ရပါပြီ
 
 

No comments: